Zawgyi
ပင်လယ်ဘက်ထဲအထိတည်ဆောက် ထားတဲ့သစ်သားတံတားဖြူလေးထိပ်နားမှာလူတစ်ယောက်ခြေဆင်းကာထိုင်နေသည်။ပင်လယ်လေစိမ်းတိုက်ခတ်မှုကြောင့် ခေါင်းလျှော်ပြီး ဘာမှလိမ်းခြံမထားတဲ့ဆံသားပျော့ပျော့တို့က ယိမ်းထိုးနေသည်။ဂျယ်လ်မသုံးလာမိတဲ့ကိုယ့်ကိုယ်သာ အပြစ်တင်ချင်မိသည်။
ညနေခင်းနေဝင်ချိန်ကိုကြည့်မိထားသည့်သူက နံနက်ခင်းအာရုဏ်တတ်ချိန်ကိုလည်ကြည့်ချင်မိသေးသည်။ဒါ့ကြောင့်ညဘက်စောစောအိပ်ကာ မနက်ကို Alarmပေးထရခြင်းက ဒီတံတားပေါ်မှာလာထိုင်စောင့်ရခြင်း၏အကြောင်းအရင်းဖြစ်သည်။အပေါ်က ကလက်ရှည်ပါးပါးတစ်ထည်နှင့် အောက်ကဘောင်းဘီတိုသာဝတ်လာတာမို့ လူကချမ်းစိမ့်စိမ့်ဖြစ်နေသည်။ဤတံတားရဲ့အရှည်က ပင်လယ်ထိတော်တော်ရောက်တာမို့ ပင်လယ်ဘက်သို့ရောက်လေ ပိုချမ်းလေဖြစ်လာသည်။ရောက်လက်စနဲ့မို့မထူးတော့ပဲတံတားဆုံးထိလျှောက်ကာနေထွက်လာတာကိုစောင့်ကြည့်နေလိုက်သည်။
ကြည်နူးမှုစိတ်တို့နဲ့အတူ ခန္ဓာကိုယ်ပေါ်ကျရောက်လာသည့်နေရောင်ခြည်တို့ကလည်းနွေးထွေးလှသည်။ မျက်စိစူးသောကြောင့် မျက်လုံးလေးပိတ်ကာ ထိုနွေးထွေး မှုအရသာကိုစီးမျှော ခံစားနေရင်း နောက်က စကားပြောသံသဲ့သဲ့လေးကြားသဖြင့် လျှောက်လမ်းဘက်သို့မျက်နှာမူကြည့်လိုက်တော့ Chanyeolကသူ့အားပြုံးကာကြည့်နေသည်။
YOU ARE READING
This is true love?(Completed)