Part 22(Zawgyi & Unicode)

1.9K 209 36
                                    

Zawgyi

ရာသီတွေ‌အလီလီ​ပြောင်းကာ ​ဆောင်းကုန်​၍ ​နွေသို့​ရောက်​ခဲ့ပြီ။ 5 နှစ်ဆိုတဲ့ အချိန်က​တော့ မသိလိုက်​ဘာသာပဲ ကုန်​ဆုံး​ခဲ့​လေသည်​။အနှစ်​သက်​ဆုံး​သောအရာ​တွေက​တော့ တဖြည်းဖြည်း​ပျောက်​ကွဲ​နေဆဲ အချို့အရာများက​တော့ လက်​ကျန်​ရှိ​နေ​သေးသည်​​ပေါ့​လေ။ဥပမာ ခါးသက်​လှတဲ့
ice-americano ကိုအခုထိနှစ်​သက်​​နေသလိုမျိုး​ပေါ့။
သူ့က​ကော.......အင်း အဲ့အ​ဖြေကအခု​ဖြေဖို့ရာ ​အချိန်​​ကောင်းမဟုတ်​​သေးဘူး(ရယ်​မိခြင်းနဲ့အတူ)

သစ်​ရွက်​​ခြောက်​အဝါ​ပေါ်​ခြေစုံရပ်​​နေရင်း အ​တွေး​တွေနဲ့ လွင့်​​မျော​နေတဲ့ကိုယ်​က Sehun ကို​​လျှောက်​လာတာကိုမြင်​လိုက်​တဲ့အချိန်​မှာ​တော့ ​အ​တွေး​တွေက တိမ်​ဆိုင်​တစ်​ခုလိုလွင့်​ပြယ်​သွားခဲ့သည်​။

"​​​ညောင်း​နေပြီလား ဟိုမှာလူအရမ်းတိုး​နေလို့"

"ဟင့်​အင်း ဘာမှမဖြစ်​ပါဘူး "

"Soo အတွက်​"

ice-americano ခွက်​​လေးလှမ်း​ပေးတဲ့သူ့ကို ​ကျေးဇူးတင်​စကားဆိုမိ​တော့ မလိုပါဘူးSoo ရယ်​လို့ ပြန်​​ပြောပြီး နဖူးထက်​ဖွဖွ​လေးအနမ်း​ခြွေသည်​။

"ဒီweekends ​လေးဘယ်​သွားချင်​လဲ Soo အရင်​တပတ်​ကလည်းအလုပ်​​တွေနဲ့ပိ​နေခဲ့တာ"

Sehun အ​မေးကို​အ​ဖြေ​ပေးဖို့ အ​တော်​​တွေးရသည်​၊ သွားတဲ့​နေရာ​တွေကလည်းထပ်​​နေပြီမို့ ထပ်​​တောင်​မသွားချင်​၊စိတ်​ရှုပ်​စွာနဲ့ပဲ တိုကပ်​ကပ်​ဆံပင်​​လေးကိုဆွဲဖွလိုက်​သည်​။

"ဘယ်​သွားရမလဲ တစ်​လမှငါးရက်​​လေးပိတ်​တာကို"

"ဒါဆို ကိုယ်​တို့ Carolinaဘက် ​သွားရ​အောင်​ အဲ့မှာအရမ်းလှတဲ့ Park တစ်​ခုရှိတယ်​"

"ဖြစ်​ပါ့မလား ဒီweekends ​လေးကို "

"မဖြစ်​လည်း MD မှာခွင့်​​တောင်းတာ​ပေါ့"

"လုပ်​​တော့​ဟေ့ ဦး​လေးအရင်းဆို​တော့လည်းကြိုက်​တာသာလုပ်​​တော့ ပြီးရင်​​တော့နှစ်​​ယောက်​သားအလုပ်​ပြုတ်​ရုံပဲ"

This is true love?(Completed)Where stories live. Discover now