(Zawgyi)
Recall,
Ringtone...........
"Kyung Soo လား ငါတို့အခုခနတွေ့ကြရအောင် မင်းအားတယ်မဟုတ်လား"
ငိုထားသယောင်အသံနှင့် ph ဆက်ကာပြောလာသော Kai အား Kyung Soo အံ့သြသွားသည်။သူပေါင်းလာတဲ့ တစ်လျှောက်မှာ Kai ကကြံ့ခိုင်တဲ့သူအဖြစ် နေထိုင်ခဲ့တာ ဒီလိုငိုတယ်ဆိုတာ ဝေးသာဝေးပဲ
"အင်းJongin မင်းဘာဖြစ်ထားလဲတော့ငါမသိပေမဲ့ ငါအခုချက်ချင်းလာခဲ့မယ်"
"အင်းနေရာmessage ပို့လိုက်မယ် ငါစောင့်နေမယ်နော်"
"ဘယ်အရာတွေကများ Jongin ဆိုတဲ့မင်းကိုဒီလိုဖြစ်စေတာလဲ"
--------------This is true love?--------------
ဒီနေ့မှပဲ Seoul မြို့တစ်ခွင် အချိန်အခါမဟုတ်မိုးရွာချတာကြောင့် ဝတ်ထားတဲ့ဆွယ်တာအပေါ် Hoddie အနက်ရောင်ထပ်ဝတ်လိုက်ရသည်။ဆောင်းရဲ့လေကြမ်းတွေ နဲ့ နှင်းမိုးတို့၏ ပေါင်းစပ်မှု အအေးဒဏ်ကြောင့် နှာစေးတော့မှာပဲရေရွတ်လိုက်ပြီး ဆေးကြိုသောက်ရန် ဆုံးဖြတ်လိုက်ရသည်။
"ကျစ် ဒီဆေးကခါးပါတယ်ဆိုမှ အအေးဒဏ်ကြောင့်သောက်ရတော့မယ်"
*ဟပ်ချိုး*
"ကျစ် ပြောရင်းနဲ့မှပဲကွာ"
"ကျောင်းပိတ်ရက်လေးအေးဆေးနားမယ်ရှိသေး ရောဂါက ထလာပြီ အေးဆေးအိပ်ချင်တာပါဆို ဒီရောဂါအရင်ပျောက်အောင် လုပ်ရတော့မှာပဲ စိတ်ရှုပ်ဖို့ကောင်းလိုက်တာ"
ဟုKyung Soo တစ်ယောက်တီးတိုးရေရွတ်ရင်း.........
စားပွဲပေါ်ကဆေးလုံးကိုယူရန် လှမ်းလိုက်သော လက်က ထိုဆေးကိုကျော်ကာ တုန်ခါနေသော phဆီသို့ရောက်သွားရသည်။contact ကိုလှမ်းကြည့်လိုက်တော့ Jongin ဖြစ်နေတာကြောင့် အလျှင်အမြန်ပင်ph ကိုင်လိုက်ကာ နားထောင်လိုက်သည်။နောက်သူချိန်းရာနေရာသို့အမြန်ထွက်လာရင်း ဒီနေ့တော့ဆေးသောက်ဖို့မေ့သွားခဲ့ရပီ။
YOU ARE READING
This is true love?(Completed)