Part 25(Zawgyi & Unicode)

1.8K 196 35
                                    

Zawgyi

အလွမ်းဒဏ်​ကိုခံစားရပါများ​တော့ နှလုံးသားက ​နေသားကျလာခဲ့ပြီ အရင်​လို တသသ​မြည်​တမ်းပြီး​ဆွေးမ​နေ​တော့ဘူး ထိန်းချုပ်​မရနိုင်​မှ လူမသိ​အောင်  ရင်​ဘက်​ထဲမှာ ငို​ကြွေး​နေတတ်​ပြီ......သူမရှိတဲ့အခါ ​နေတတ်​​အောင်​ ကိုယ့်​ရဲ့နှလုံးသားကို သင်​ကြားထားတယ်​ ဒါမချစ်​​တော့တာမဟုတ်​ သူ့အချစ်​ကို တည်​ငြိမ်​စွာ ​စောင့်​​နေတတ်​​အောင်​လို့ဖြစ်​တယ်​....သူမရှိတဲ့အခါ သူ့ကိုယ်​ပွား​လေးဖြစ်​တဲ့Dairy စာအုပ်​​လေးနဲ့ကိုယ်​​နေတတ်​ခဲ့ပြီ..သူ့ကိုမလိုအပ်​ဘူးလားဆို​တော့မဟုတ်​ ​သေ​မ​လောက်​​အောင်​အနားမှာရှိချင်​​နေ​စေချင်​တဲ့စိတ်​ကို ချုပ်​တည်းထားခြင်းသာ..................

🌍🌍🌍🌍🌍🌎🌎🌎🌍🌍🌍🌍🌍🌍🌍🌍

အရင်က ပိတ်ရက်​တွေဆို အမြဲ 8:00 နိုး​နေကြဖြစ်​တဲ့ ကျွန်​​တော်​က ဒီ​နေ့​တော့ 10:00 ထိုး​လောက်​မှသာ ထဖြစ်​သည်​။ဒါ​တောင်​ အစ်မို့​နေတဲ့ မျက်​လုံး​တွေကမဖွင့်​ချင်​​သေး မ​နေ့ညက ငိုထားတာ​ကြောင့်​လည်းပါမည်​ထင်​။ အိပ်​ယာက​နေအားယူကာ ထလိုက်​ပြီး ​ရေတစ်​ခါထဲချိုးဖို့လုပ်​ရ​တော့သည်​။မှန်​​ရှေ့ရပ်​ကာ  ​မ​ခြောက်​​သေး​သော ဆံပင်​တို့ကို လက်​နဲ့ခါလိုက်​ရင်း ဗီဒိုထဲက ​ပေါ့​ပေါ့ပါးပါး အကျီင်္​လေးယူဝတ်​ရင်း ​အောက်​ဆင်းဖို့​ခြေလှမ်းခဲ့သည်​။

ခါတိုင်းနဲ့မတူစွာ အနံ့က​မွှေးလွန်းလှသည်​၊ပိတ်​ရက်​ဆို omma နဲ့ appa တို့ရဲ့စကားသံကို အမြဲကြား​နေရသည်​ဆို​ပေမယ့်​ အခု​တော့ တိတ်​ဆိတ်​လွန်းလှသည်​။တစ်​ခုပဲ ဟင်းအနံ့​လေးရယ်​ ဒယ်​အိုးကို ဇွန်းနဲ့​မွှေ​နေတဲ့ အသံကိုသာ ​သေချာကြား​နေရသည်​။omma တစ်​​ယောက်​ထဲရှိတာ​နေမယ်​လို့​တွေးလိုက်​​ပေမယ့်​ မီးဖို​ချောင်​ထဲကအရိပ်​​လေးက​တော့ omma မဟုတ်​ဘူးဆိုတာကိုသက်​​သေပြ​နေ​လေရဲ့။ 

ပန်း​ရောင်​ Shirt အကျီင်္ကို တံ​တောင်​ဆစ် နားထိ​ခေါက်​တင်​ထားပြီး ဖြူအု​နေတဲ့လက်​က​လေးတို့က ​ရှေ့ကဟင်းလျာကို ကျွမ်ကျင်​စွာချက်​​နေသည်​။နောက်​​ကျော​ပေးထားတာ​ကြောင့်​ မျက်​နှာကို​သေချာမ​တွေ့ရ​ပေမယ့်​ စိတ်​ထဲက​တော့ ထိုလူရဲ့ နာမည်​ကို​ရေရွတ်​​နေခဲ့ပြီ......​တဒိတ်​ဒိတ်​အခုန်​မြန်​လာတဲ့ နှလုံးခုန်​သံတို့နဲ့အတူ ​ခြေလှမ်းတို့ကလည်း ထိုသူဆီသို့ဦးတည်​​လိုက်​သည်​။ထိုအချိန်​ သူ့​ဘောင်းဘီအိပ်​ကပ်​ထဲက ph သံထမြည်​လာတာ​ကြောင့်​ အလျှင်​အမြန်​ပင်​ ph ကိုင်​လိုက်​ကာ ဧည့်​ခန်းဘက်​သို့​ပြေးသွားလိုက်​သည်​။

This is true love?(Completed)Where stories live. Discover now