Part 19 (Zawgyi & Unicode)

1.8K 209 30
                                    

Zawgyi
အိမ်​ပြန်​တဲ့လမ်းတစ်​​လျှောက်​ ကား​ပေါ်မှာတိတ်​ဆိတ်​လို့​နေသည်​။ Kai က Sehun တို့ကြားမှာလာထိုင်​တာ​ကြောင့်​ အိပ်​​ပျော်​​နေ​သော Kyung Soo ​ခေါင်း​လေးကို Kai ကသသူ့ပုခုံး​ပေါ်​မှေးတင်​​ပေးထားသည်​။ထို့အတူ Sehun ကလည်း Kyung Soo လက်​​မောင်းနား​လေးမှီကာ အိပ်​​နေသည်​။ Baekhyun နဲ့ Chanyeol ဟာလည်း အသွားတုန်းကလိုပူးပူးကပ်​ပကပ်​ရှိမ​နေပဲ ပြတင်း​ပေါက်​တစ်​ဖက်​စီတွင်​​သာထိုင်​​နေကြသည်​။

လမ်းခရီးတွင်​ ကားဘီး​ပေါက်​မှု​ကြောင့်​ အိမ်​ကိုအ​တော်​ညည့်​နက်​မှ ပြန်​​ရောက်​ကြသည်​။ အိမ်​ပြန်​​ရောက်​သည်​အထိ Kyung Soo ဟာ စကား​ပြောဆိုခြင်းမရှိခဲ့သလို အခန်းထဲကိုသာတန်းဝင်​ခဲ့သည်​။Chanyeol ကလည်းမျက်​နှာလွှဲ၍သာ​နေသည်​။

အခန်းထဲ​ရောက်​​တော့ Chanyeol ​ဆေးလိပ်​တစ်​လိပ်​ကိုဖွာကာ ပြတင်း​ပေါက်​နားသွားရပ်​ကာ​နေသည်​။အမှန်​ဆိုသူ​ဆေးလိပ်​​သောက်​တတ်​​လေ့မရှိ​ပေမယ့်​ သူတအားစိတ်​ညစ်​တဲ့အချိန်​မှာ​တော့ စိတ်​​ဖြေစရာ တစ်​ခုအဖြစ်​အိတ်​ထဲမှာ​ဆောင်​ထားတတ်​သည်​​လေ။

မ​​နေ့ကကိစ္စကိုသူ​သေချာ​တွေးကြည့်​ရင်​ ကျွန်​​​တော့်​ဘက်​လွန်​တယ်​ဆို​ပေမယ့်​ မမှား​ပေးဘူးမဟုတ်​လား ဘယ်​လိုဖြစ်​နိုင်​မှာတဲ့လဲ ပတ်​ဝန်းကျင်​က​ကော ဘယ်​လို​တွေ​ပြောလာပါမလဲ ဒါ​တွေကအသာထား အကယ်​၍ omma တို့သာသိသွားခဲ့ရင်​​ကော သူတို့​တော်​​တော်​စိတ်​ပျက်​မိမှာပဲ ညီအကိုအရင်း​တွေလို ​နေ​နေကြတဲ့ ကျွန်​​တော်​တို့က ဘယ်​လိုမှ​ရှေ့ဆက်​ဖို့က ဖြစ်​မှမဖြစ်​နိုင်​တာပဲ။ကျွန်​​တော်​က​ကော အဘယ်​​ကြောင့်​ Baek ကိုထားနိုင်​ခဲ့နိုင်​မည်​တဲ့လား ကျွန်​​တော်​က Baek ကိုပဲချစ်​တာကို။

*Baek ကိုပဲချစ်​တာ*

"ငါBaek ကိုတကယ်​ချစ်​တာ, မဟုတ်​ဘူး ငါ Baek ကိုတကယ်​မချစ်​ခဲ့ဘူးလား, မဟုတ်​​သေးဘူး ငါ......."

Chanyeol တစ်​ကိုယ်​တည်း​ရေရွတ်​​ရင်း စိတ်​တိုင်းမကျလာတာမို့ ​ဒေါသထွက်​လာကာ အနီးရှိနံရံအား အားပြင်းပြင်းထိုးချလိုက်​သည်​။ချက်​ချင်းရဲတတ်​လာပြီး ​သွေးပါစို့လာတဲ့အ​နေအထား​ကြောင့်​ ​ကျေနပ်​သလို တစ်​ကိုယ်​တည်း​ညအလယ်​မှာ ​အော်​ရယ်​​နေမိသည်​။

This is true love?(Completed)Where stories live. Discover now