Zawgyi
Kai အိမ်ရောက်တော့ အားလုံးဟာတိတ်ဆိတ်နေသည်။ကြည့်ရတာ လူကြီးတွေမရှိသည့်ပုံပင် Kyung Soo လည်း ဧည့်ခန်းမှာ ဝင်ထိုင်လိုက်ရင်း အိမ်ကိုစူးစမ်းနေလိုက်သည်။
စဝင်လာထဲက တံခါးရွက်ကြီးကအစ ကနုတ်ပန်းတွေနဲ့ပုံဖော်ထားသည်။အိမ်ထဲတွင်လည်း သစ်သားဖြင့်ပုံပေါ်ထားသောရုပ်ထု တွေဖြင့် အလှဆင်ထားသည်။ကြည့်ရတာ Kai ရဲ့မိသားစုတွေက ပန်းချီ၊ပန်းပုကို အလွန်ကြိုက်နှစ်သက်သလို ရှေးရိုးလဲဆန်ပုံရသည်။ဒီဘက်ခတ်မှာ ပန်းပုလက်ရာကို စိတ်ဝင်းစားသည့်သူကအနည်းအကျင်းသာရှိတော့သည်မဟုတ်ပါလား
"အရုပ်တွေကိုစိတ်ဝင်စားနေတာလား Kyung Soo"
အသံလာရာကိုကြည့်လိုက်တော့ သူ့အတွက်ဖြစ်ပုံပေါ်သည့်အအေးတစ်ခွက်ကို ကိုင်ကာ သူ့ဆီကိုလာနေသည့်Kai ..
"အင်းထူးဆန်းလို့လေ....ဒါနဲ့ မင်းအိမ်မှာဘယ်သူမှမရှိဘူးလား"
"အင်းရွာဘက်ကအမျိုးတွေဆီအလည်သွားကြတယ်"
"Aww Jongin ya.. ငါ့အထင်ပြောရရင် မင်းမိဘတွေက အိမ်ကိုသူစိမ်းခေါ်တာ မကြိုက်ဘူးမဟုတ်လား ဒါ့ကြောင့်ငါတို့ကို အိမ်အလည်မခေါ်တာလေ"
Kaiပုံစံက အံ့သြသယောင်ယောင်ဖြစ်နေသည်။သူဒီအကြောင်းတွေတခြားဘယ်သူ့ကိုမှပြောဖြစ်တာမှမဟုတ်ပဲ။
"နောက်ပြီးရှေးရိုးလည်းဆန်တယ်ဟုတ်"
*ဒါ့ကြောင့် သဘာဝကိုလွန်ဆန်မိတဲ့ငါ့ရဲ့အချစ်ကို ငါရပ်တန့်လိုက်ရတာပေါ့ Kyung Soo ရယ်.....သူ့ဘက်ကလည်းငါ့ကိုတကယ်မချစ်ခဲ့တော့ ငါဆက်မကြိုစားရဲတော့ဘူး*
"အဟက်..........Kyung Soo လေးကစုံထောက်များလား"
"ဒီလိုပဲလေ ငါက"
"ကဲပါမင်းငါ့အိမ်မှာကြိုက်သလိုသာနေ တစ်ခုပဲ ငါ့ကိုဘာတွေဖြစ်လာတာလဲပြောပြ"
"Ok လောလောဆယ် ငါဗိုက်ဆာတယ် ငါ့ကိုတစ်ခုခုချက်ကျွေးပါလား"
STAI LEGGENDO
This is true love?(Completed)