Zawgyi
အခန်းထဲမီးအလင်းရောင်ကြောင့် မနိုးချင်နိုးချင်နှင့်မို့ ထကြည့်သော်လည်း အမိန့်ကိုနာမခံတဲ့ မျက်လုံးတို့ကပွင့်မလာ ဆက်ပြီး ထိုမျက်လုံးတို့ကို ပွတ်ရင်း ညည်းညူမိသေးသည်။ ဘေးစားပွဲပေါ်က လက်ပတ်နာရီကိုယူကြည့်တော့ မနက်8.00ကိုညွှန်ပြနေသည်။ မျက်ခမ်းစပ်က စူးရှရှဖြစ်လာတာကြောင့်မျက်လုံးများကိုပြန်မှိတ်လိုက်ရင်း ခန္ဓာကိုယ်ကို လှည့်ပတ်ရင်း ဘေးဘက်ကိုစမ်းလိုက်သည်။ အေးစက်စက်အထိအတွေ့နှင့် မွေ့ယာခင်းသာရှိနေသည်။ ထပ်ပြီးနားစွင့်ကြည့်တော့ ရေချိုးခန်းထဲ ရေကျသံလည်းမကြား သေချာပါပြီ Kyung Soo အခန်းထဲက အစောကြီးထွက်သွားပြီ။
မနေ့ညကငိုယိုနေတာကြောင့် တော်တော်နောက်ကျမှအိပ်တဲ့ Kyung Soo ကိုသူစိတ်ပူရသေးသည်။ညကသူလည်း Kyung Soo ကိုချော့သိပ်ပေးပြီးမှ အိပ်တယ်ဆိုပေမယ့် သူကအိပ်ရေးဝပါသေးတယ်ဟုဆိုရမည်။အခုလည်းကြည့်ဘယ်အချိန်ထဲကထအပြင်ရောက်နေမှန်းမသိတဲ့ Kyung Soo ကိုလိုက်ရှာရပါဦးမယ်။အမိန့်ပေးစရာမလိုတဲ့ နှလုံးသားရဲ့စေခိုင်းမှုတို့ဖြင့် ပြင်ဆင်စရာရှိတာ ပြင်ဆင်ပြီးအခန်းပြင်သို့ Kyung Soo ရှာပုံတော်ထွက်ခဲ့လိုက်သည်။
-----------------This is true love?-----------------
Kyung Soo အဖြစ်က ဆုပ်လည်းဆူး စားလည်းရူးပုံစံမျိုး မနေ့ကအခန်းထဲဝင်သည်အထိဘာမှမဖြစ်သေး ရေချိုးခန်းထဲကထွက်လာတော့ ရှိုက်ကာငိုကြွေးသည်။သူ့မှာ Sehun ချော့သည့်အသံကိုလည်းမကြားနိုင် မျက်စိထဲ သူ့ Hyung နဲ့ Baekhyun တို့ရေချိုးခန်းထဲအတူဝင်ကြရင်ကောဆိုသည်ကသာကြီးစိုးနေခဲ့သည်။
ယခုလည်း ညကအတော်ညည့်နက်ပေမယ့် မနက်5.30ကြီးနိုးလာပြီးမျက်စိကြောင်နေသည်။ညကသူငိုဖြစ်ခဲ့ရတဲ့ ရူးကြောင်ကြောင်အတွေးတွေကို ရယ်လည်းရယ်ချင်မိလာသလို Sehun ရှေ့မှာမို့ရှက်လည်းရှက်မိသေးသည်။
YOU ARE READING
This is true love?(Completed)