Part 27(Zawgyi & Unicode)

1.7K 195 53
                                    

Zawgyi

ခြံအပြင်ထိလိုက်ပို့တဲ့ Kyung Soo လေးအား နှုတ်ဆက်အနမ်းပေးပြီး ပြန်လာခဲ့သည်။ဘောင်းဘီ အိတ်ကပ်နှစ်ဖက်ထဲလက်ထည့်ကာလမ်းလျှောက်လာရင်း နှာခေါင်းထဲ အနံ့တစ်ခု တိုးဝင်လာတာကြောင့် လမ်းထိပ်နားအရောက်မှာ ခြေလှမ်းတို့ကို ရပ်တန့်လိုက်
သည်။ထိုအနံ့ကိုသေချာခံကြည့်မှ အခုမှ သေချာနှပ်ထားတဲ့ coffee အနံ့လေဖြစ်နေတာကြောင့် ဆိုင်ကိုလိုက်ရှာနေလိုက်တယ်။သိပ်တော့ မရှာလိုက်ရပါ ဆိုင်ကလမ်းထိပ်မှာတင်ဖွင့်ထားသည်။

ဆိုင်ကြီးတော့မဟုတ်ပေမယ့် အပြင်အဆင်က သေသပ်လှသလိုကြည့်တာနဲ့ဝင်သောက်ချင်သည့်ဆိုင်မျိုးဖြစ်တာကြောင့် ဘောင်းဘီအနောက်အိတ်ကပ်ထဲ ပိုက်ဆံအိတ်ကို ယူရန် နှိုက်လိုက်သည်။သို့သော် tissue အဆ ကလွဲလို့ မပါလာတာကြောင့် သူခေါင်းနပမ်းကြီးသွားသည်။
သူစိတ်အေးအေးထားကာ သေချာပြန်စဉ်းစား ကြည့်တော့မှ Kyung Soo အိမ်မှာကျန်ခဲ့တာကို သတိရပြီး အိမ်ကိုပြန်ပြေးရတော့သည်။ အရှက်ကွဲခါနီး လေးမို့တော်သေးသည်ဟုဆိုရမည်။

ခြံနားရောက်တော့ တံခါးကသော့မခတ်ထားသလို သေချာလည်းမပိတ်ထား စေ့ရုံမျှသာ စေ့ထားသည့်ပုံ၊ Sehun လည်းသေချာတွေးမနေပဲ ပိုက်ဆံအိတ်ယူရန်သာ စိတ်စောနေတာမို့ အိမ်ထဲသာတန်းဝင်သွားလိုက်သည်။တွေ့ပါပြီ သူ့အိတ်လေးက ဆိုဖာဘေးမှာ ကျလျှက်သား လေးရှိနေသည်။ သူပြန်ရောက်လာကြောင်း Kyung Soo အားအသိပေးရန် ခေါ်သံလိုက်တော့ ပြန်ထူးသံမကြားရပေ
မီးဖိုခန်းထဲများ ​ရောက်နေလားဆိုပြီး အထဲဝင်လာကြည့် တော့လှေကားရင်းနားမှာ ကွဲကျနေသည့်ပန်းအိုးအပြင် လှေကားတစ်လျှောက် သွေးတွေပေပွနေတာပါတွေ့လိုက် ရတာကြောင့် စိုးရိမ်စိတ်တို့ကြီးစိုးသွားသည်။ Kai ကိုph ဆက်ခေါ်ဖို့ပြင်လိုက်စဉ် အပေါ်ထပ်က အော်သံကြား ရတာကြောင့် သူပြေးတတ်လိုက်သည်။

အပေါ်ထပ်မှာ တစ်ခန်းက တံခါးပိတ်ထားပြီး နောက်တစ်ခန်းက တံခါးအနည်းငယ်ဟနေတာကြောင့် သူစိုးရိမ်ကြီးစွာ တံခါးဆွဲဖွင့်လိုက်စဉ် မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် ကိုယ့်မျက်စိကိုယ်တောင် မယုံနိုင်ဖြစ်ရသည်။ ကုတင်ပေါ်မှာ Kyung Soo ကလဲလျှက်သားရှိနေပြီး Chanyeol ကလည်း Kyung Soo အပေါ်ပိလျှက်သား နမ်းနေလား မနမ်းနေလား မသိပါ။ဝေဝါးလာတဲ့ မျက်လုံးကြောင့် ထိုနေရာမှ ပြေးထွက်ခဲ့လိုက်သည်။အနောက် Kyung Soo ရဲ့အော်သံကို လျစ်လျူရူ့ရင်း ခြေဦးတည့်ရာကိုသာ သူဆက်သွားနေမိသည်။လမ်းကလူတွေရဲ့ အကြည့်တွေ့ကို လည်းသူဂရုစိုက်အား ခြေဗလာဖြင့် သူဆက်ပြေးနေတုန်း..

This is true love?(Completed)Where stories live. Discover now