Part 30 (Zawgyi & Unicode)

1.8K 204 39
                                    

Zawgyi

6.30ပြီဖြစ်သော်လည်း ကျိန်းစပ်နေတဲ့ မျက်လုံးတို့ကမပွင့် ချင်သေး မိုးရာသီမဟုတ်သော်များလည်း အချိန်အခါမဟုတ် ရွာသွန်းတတ်တဲ့ ဆိုးလ်မြို့ရဲ့ ရာသီဥတုကို အပြစ်တင်လိုက်သေးသည်။ မနေ့ညကလည်း ညလယ်လောက်ကြီး မိုးထရွာတာကြောင့် Sooမချမ်းစေဖို့အတွက် စောင်ပိုခြုံပေးလိုက်ရသေးသည်။Soo အအေးမမိစေဖို့ သာရည်ရွယ်သည်မို့၊ Soo ကလည်းအအေးဓာတ် ပိုလာပြီိဆို နှာစေးတတ်လွန်းတာကြောင့်  ဟိုမှာနေကထဲက သူဂရုစိုက်တတ်လာခဲ့တာ အခုချိန်ထိပါပဲလေ။

လက်မောင်းပေါ်ခေါင်းတင်အိပ်စေထားတဲ့ Sooကို အသာမကာ တစ်ဖက်ခေါင်းအုံးပေါ်သို့တင်လိုက်ပြီး စောင်ပုံထဲကထွက်လာလိုက်သည်။ မနက်စာအတွက် Soo နိုးလာတဲ့အခါ အဆင်သင့်ဖြစ်နေစေရန် အလို့ငှါ Sehun အိမ်ရှင်ထီးလေး လုပ်ရပေဦးမည်။

*လူတိုင်းက ချစ်တတ်လာရင် သူ့အတွက် ရည်ရွယ်သော အရာတွေကို လုပ်ပေးချင်လာတတ်ကြတာပါပဲ*

ကြက်ဥမွှေကြော်လေးရယ် ကြက်ဥချောင်းပျားရည်စမ်း လေးနှစ်ချောင်းရယ် ချယ်ရီခရမ်းချဉ်သီးလေး နှစ်လုံးပါ ပန်းကန်ထဲအလှဆင်ပေးထားလိုက်သေးသည်။နောက်နှပ်ထားတဲ့ Black coffee ကို ဖန်ခွက်ထဲပြောင်းထည့်ရင်း အပေါ်ကသံပုရားသီးတစ်စိပ်ပါ ညှစ်ပေးထားလိုက်သည်။ ပြည့်စုံပြီ ဒါKyung Soo အကြိုက်တွေမို့ ဟိုမှာသူတို့အတူ ရှိတဲ့မနက်ခင်းတိုင်း Sehun လုပ်ပေးနေကြတွေပါပဲ။

ကြော်လှော်ထားတဲ့ အိုးတွေဆေးနေရင်း လှေကားပေါ်က ဒုန်းဆိုင်းပြေးဆင်းလာတဲ့ ချစ်ရသူကြောင့် ရင်ထဲစိုးထိန့် သွားရသည်။

"Soo ရယ်ဖြေးဖြေးလာပါကွာ တော်ကြာချော်လဲမှဖြင့်"

ကျွန်တော့်စကားကို ပြန်မဖြေပဲ ငိုနေသော Soo ကြောင့် စိုးရိမ်စိတ်ကထိန်းမရတော့ အနားသွားကာ ချော့မေးတော့မှ ph ထိုးပေးလာသည်။

"ငါဆေးရုံလိုက်သွားချင်တယ် Hunnie ငါလိုက်သွားချင်တယ်"

Sooအသံဟာ အနည်းငယ် တုန်ယင်နေပြီး သူ့ကိုယ်သူ အားတင်းထားနေပုံရသည်။

"ကိုယ်လိုက်ပို့မယ် ကိုယ်လည်းလိုက်ခဲ့မယ် Soo ခနစောင့်"

ဆေးရူံကိုရောက်လျှင်ရောက်ခြင်း ကျွန်တော့်ကိုပင်မစောင့် ကားပေါ်ကအရင်ဆင်းကာ ဆေးရုံထဲပြေးဝင်သွားတဲ့ Soo ကြောင့် ဝမ်းနည်းမိတာမှန်ပေမယ့် ဒီအချိန်မှာ ဝမ်းနည်းဖို့မသင့်ဘူးမဟုတ်လား။ Soo နောက်ကနေအမှီပြေးလိုက်ကာ အေးစက်တုန်ယင်နေတဲ့ Soo လက်ဖျားလေးကို ဆုပ်ကိုင်ပေးထားရင်း Chanyeol Hyung ရှိတဲ့အခန်းဘက်သို့ လျှောက်လာခဲ့ကြသည်။

This is true love?(Completed)Where stories live. Discover now