(Zawgyi)
ဆောင်းရာသီကုန်လုနီးပါး နွေဦးသို့ပြောင်းချိန်ကာလဖြစ်၍ လမ်းမတစ်လျှောက် သစ်ရွက်ကြွေများပြန့်ကျဲကာရှိနေသည်။လမ်းမထက် လမ်းလျှောက်နေကြသော လူအစုံမှာလည်း အရင်လို အဝတ်ထူတွေမဝတ်ကြတော့ပဲ ပေါ့ပေါ့ပါးပါး ဖက်ရှင်အဖြစ်အစားထိုးလာကြသည်။
သစ်ရွက်ကြွေလေးအပေါ်မှ သီချင်းလေးငြီးကာ လမ်းလျှောက်နေသော Kyung Soo လေးက နှုတ်ခမ်းအထက် အပြုံးလေးဆင်မြန်းကာ ကျောင်းသို့ဦးတည်သွားနေသည်။ဒီနေ့က နောက်ဆုံးစာမေးပွဲနေ့ဆိုလည်းမမှားပါ။ယုံကြည်ချက်အပြည့်နှင့်အခန်းပြင် လွယ်အိတ်ချကာ စာမေးပွဲခန်းထဲသို့သူဝင်ခဲ့သည်။တစ်ခုံကြားစီထိုင်နေတဲ့ Kai နှင့် Sehun တို့ကိုလည်း ပြုံးပြ၍ သတ်မှတ်ထားတဲ့နေရာမှာဝင်ထိုင်ခဲ့သည်။
ထိုနေ့မနက်ခင်းကတော့ သုံးယောက်သားအပြုံးလေးဖြင့် ကျောင်းဝန်းကြီးထဲမှထွက်လာနိုင်ခဲ့ကြသည်။
"ဗိုက်ဆာတယ် Jongin ya မုန့်ဝယ်ကျွေးပါလား"
ပါးမို့လေးတွေတတ်သည်အထိ ပြုံးပြတဲ့ပုံက ကလေးလေးတစ်ယောက်နှင့်ပင်ပိုလို့ပင်တူနေသည်။ဒါကိုချစ်စရာကောင်းသည်ဟုပြောပြန်ရင်လည်းမကြိုက်ပြန်ဘူးအမြဲတမ်းmanly နိုင်လွန်းတဲ့လူသားပါလေ။
"Kai လို့ခေါ်ပါဆို ခနခနပြောလည်းမရဘူး Jongin ပဲခေါ်နေတယ်သွား မဝယ်ကျွေးဘူး"
"ငါကသူများနဲ့မှမတူချင်တာကို Jongin လို့ခေါ်တာဘာဖြစ်သွားမှာကျနေတာပဲ ဟင့်"
တွေ့လား အဲ့နှုတ်ခမ်းကတစ်တောင်လောက်ထွက်လာပြန်ပြီ ဆွဲညစ်လိုက်ရရင်တော့ ဟိုတစ်ခါလိုငိုသွားမှဖြင့်Kim Kai တို့လူဆိုးကြီးဖြစ်နေရပါဦးမယ်။
ကြားထဲအမြင်မတော်တဲ့ Sehun ကပဲသူတို့နှစ်ယောက်ကြားဝင်ကာ စိတ်ကောက်နေတဲ့ Kyung Soo ကိုချော့ရတော့သည်။
ESTÁS LEYENDO
This is true love?(Completed)