(Zawgyi)
ညနေစောင်းလာပြီဆို ရာသီဥတုက အေးစိမ့်စိမ့်ဖြစ်လာတတ်ပေမယ့် ဒီနေ့နဲ့တော့မတူ ယမန်နေ့များထပ်အအေးဓာတ်ပိုကာ ဆောင်းနှင်းဖက်များပါကျလို့နေသည်။ လမ်းထဲတွင်တော့ နှင်းကွဲမီးသီးတွေတပ်ထားလို့သာ လမ်းလျှောက်ရတာအဆင်ပြေလှသည်။ တခါတစ်ခါ တိုက်ခတ်သွားသော လေအေးတွေက မျက်နှာအကာမပါသော Chanyeol အဖို့တော့သိပ်မသက်သာလှပါ။
အိမ်ရောက်တော့ အရင်လိုလှုပ်ရှားမှုတွေတွေ့မမြင်ရသဖြင့်သူ အခန်းတိုင်းလျှောက်ရှာနေခဲ့သည်။ မီးဖိုချောင်ခန်းထဲ omma မရှိသလို ဧည့်ခန်းထဲတွင် အမြဲထိုင်လေ့ရှိသော appa လည်းရှိမနေခဲ့ပါ။ အပေါ်ထပ်က စကားတီးတိုသံတွေကြားတာကြောင့် သူလှေကားသို့ဦးတည်လာစဉ် ထိုလှေကားမှ Sehun အလျှင်အမြန်ဆင်းလာတာကိုမျက်နှာခြင်းဆိုင်တွေ့လိုက်ရသည်။
ဒေါသထောင်းခနဲ ထွက်သွားသဖြင့် သု့အနီးရောက်လာသော Sehun အားအကျီင်္ဆောင့်ဆွဲကာ နံရံတွင်ကပ်ထားလိုက်သည်။
"မင်းဘာလာလုပ်တာလဲ အပေါ်ထပ်မှာမင်းတို့ဘာလုပ်နေကြတာလဲဟမ် "
"မ...မဟုတ်ဘူး Chanyeol Hyung"
Sehunကရှင်းပြမည်ကြံသော်လည်း လက်မခံသည့်အပြင် လည်ပင်းနားအကျီင်္အား ဆွဲညှစ်ထားသည်မှာအသက်ရူမတပ်ပင်ဖြစ်နေသည်။
"ဟိုကောင် Kyung Soo ဘယ်မှာလဲ ဆင်းခဲ့စမ်း Kyung soo"
ထိုစဉ် omma ဖြစ်သူကလှေကားပေါ်မှ ပြေးဆင်းလာကာ Chanyeolကိုဝင်ဆွဲသည်။
"Yeollie သားဒါဘာလုပ်နေတာလဲ Sehun ကိုလွှတ်လိုက်စမ်း"
Chanyeol လည်းomma ရဲ့ တားမြစ်မှုကြောင့် Sehun အားမလွှတ်ချင် လွှတ်ချင်နဲ့လွှတ်လိုက်ရသည်။သို့သော်အကြည့်တို့ကတော့ Sehun ကဆီကမဖယ်သေး
Sehun ကတော့ Chanyeol လွှတ်လိုက်ကထဲက အားပြန်ယူဖို့ပင်မအား မီးဖိုဆောင်သို့ပြေးသွားကာ ရေဇလုံယူပြီး အပေါ်သို့ပြန်ပြေးတတ်သွားသည်။
ESTÁS LEYENDO
This is true love?(Completed)