(Zawgyi)
Baekhyun Hyung ရောက်လာတဲ့အချိန်ကစပြီး Hyung မှာ ကျွန်တော့်အားအရင်လို အလိုမလိုက်တော့ တစ်နေရာရာသွားချင်လျှင်လည်း Kai တို့နဲ့သာ သွားလို့ ပြောတတ်သည်။ အိမ်မှာကျပြန်တော့ Hyung တို့က အသက်တွေကြီးလာပြီမို့ အခန်းခွဲအိပ်တာ အဆင်ပြေမယ်လို့ဆိုလာတော့ ကျွန်တော့်မှာ Hyung အခန်းထဲ က ကျွန်တော့်ပစ္စည်းတွေယူပြီး တခြားခန်းပြောင်းလိုက်ရသေးတယ်။ အခန်းထဲ ဝင်ခွင့်မရှိရင် မဝင်နဲ့ဆိုပြီးလည်းဆူထားသေးသည်။
အိမ်မှာအရင်လိုလည်း Hyung နှင့် ကျွန်တော် စကားသိပ်မပြောဖြစ်ကြတော့ အမှန်တိုင်းပြောရလျှင် ကျွန်တော့်မှာ ပြောစကားတွေများပေမဲ့ Hyung ကတော့ ထမင်းစားသောက်ပြီးပြီဆိုတာနဲ့ အိမ်စာလုပ်ကမည်ဟုဆိုကာ အခန်းထဲစောစော ဝင်ဝင်သွားတတ်သည်။ မနက်ကျောင်းသွားမှသာ Hyung ကိုတွေ့ရသည်။ အခုဆို Hyung နဲ့ကျွန်တော် တွေ့ချိန်ကို လက်ချိုးရည်လို့ရနေပြီ။တအိမ်ထဲအတူနေပြီး မတွေ့ရတာတော့ သိပ်မဟုတ်ဘူးမလား
ကျွန်တော်လည်းစဉ်းစားနေတာ Hyung ကျွန်တော့်ကို တမင်သပ်သပ်များ ရှောင်နေလားလို့ ဒါလည်းမဟုတ်နိုင်ပါဘူး။ဟူး........ ဖြစ်နိုင်ရင်လေ ကျွန်တော် Hyung စိတ်ထဲဘာတွေရှိနေလဲသိချင်လိုက်တာ
--------------This is true love?---------ဒီနေ့ Jongin ကျောင်းမလာသည်ဖြစ်၍ ကျွန်တော် နှင့် Sehun သာရှိနေသည်။ Sehun နဲ့ကမရင်းနှီးဘူးလားဆိုတော့ ရင်းနှီးပါတယ် ဒါပေမဲ့ သူက Jongin လိုမဟုတ် သူ့ရဲ့ အကြည့်စူးစူးတွေကြောင့် ကျွန်တော် သူနှင့်မေးထူးခေါ်ပြောကလွဲလို့ တခြားပြောစရာမရှိခဲ့ဘူး။Jongin နဲ့စခင်တုန်းကတော့ မရှိန်မိပေမဲ့ Sehun နဲ့ကျတော့ ကျွန်တော်ရှိန်မိသည်။ဒါလည်းSehun ကအနေအေးလို့ဖြစ်ပါလိမ့်မယ်
"Kai လည်းမလာဘူးဆိုတော့ ငါမင်းဘေးလာခဲ့မယ်လေ Soo ဖြစ်တယ်မလား"
"အင်းလာလေ ငါလည်းပျင်းနေတာနဲ့အတော်ပဲ ဟီး.."
အသဲပုံနှုတ်ခမ်းလေးဖြင့် ပြုံးပြနေသော Kyung Sooဟာ Sehun အမြင်တွင်တော့ သိပ်ကိုလှပလွန်းနေသည်။ သူဒီလိုမျိုးပြုံးတာ ဒါSehun အတွက် အနီးကပ်မြင်ဖူးခြင်းပင် တစ်ဆက်ထဲသူတွေးမိလိုက်တာက ငါတို့အရင်ကထဲက သိကြရင် သိပ်ကောင်းမှာပဲဟုပင်။
أنت تقرأ
This is true love?(Completed)