Part 21(Zawgyi & Unicode)

1.9K 207 39
                                    

Zawgyi

အဖြူ​ရောင် ​လွင်​ပြင်​ထဲ ကျွန်​​တော်​ဟာ တိမ်​တိုက်​တစ်​ခုလို ​ပေါ့ပါးစွာ​လွင့်​​မျော​​နေတယ်​။ရှေ့ဆက်​သွားကြည့်​​တော့ မြက်​ခင်းစိမ်းလွင်​ပြင်​ကြီးရဲ့ အလယ်​မှာ ထီးထီးကြီး​ပေါက်​​ရောက်​​နေတဲ့ သစ်​ပင်​ကြီးတစ်​ပင်​ မက်မွန်ပင်ကြီး​​​​လို့ဆိုရမလား တစ်​ပင်​လုံးပန်း​ရောင်​သန်း​နေသည့်​အပွင့်​​တွေက အရွက်​မရှိသည့်​တိုင်​​အောင်​ လှပစွာဖူးပွင့်​​နေကြတယ်​။အပင်​​အောက်​​ရောက်​သည့်​အချိန်​တွင်​​တော့ ပွင့်​ချက်​​လေးများက ကျွန်​​တော့်​အ​ပေါ်ပက်​ဖြန်းလာတယ်​။ရာသီဥတုအ​ခြေအ​နေက ​အနည်းငယ်​မျှသာ​အေး၍ မြူ​တွေစိုင်း​နေသည်​​လေ။

ထိုအချိန်​ အ​ဝေးမှ​တ​ရွေ့​ရွေ့လာ​နေ​သောအရာကို အခိုး​ငွေ့​တွေကြားဝိုးတဝါးမြင်​​နေရတယ်​။အနီး​ရောက်​လာတဲ့အချိန်​တွင့်​​တော့ ထိုအရာဟာ ဖြူစွတ်​​နေတဲ့ ယုန်​ငယ်​​လေးတစ်​​ကောင်​သာသာ။တ​ဖြေး​​ဖြေး ကျွန်​​တော့ဆီဦးတည်​လာတာကြာင့်​ ဒူး​ထောက်​လိုက်​ကာ ယုန်​ငယ်​​လေးကို ​ကောက်​​ပွေ့လိုက်​သည်​။ အံ့သြလိုက်​တာ ဒီယုန်​ငယ်​​လေးကို ဘာ​ကြောင့်​ရင်းနှီးတယ်​လို့ ခံစားရပါလိမ့်​။ သူ့ကို​ပွေ့ဖက်​ရင်းက​နေ တဖြည်းဖြည်း ကြီးလာပြီး လူပုံသဏ္ဌန်​​ပြောင်းလာ​နေတယ်​။ ဘာ​ကြောင့်​ရယ်​မသိ မျက်​လုံးတို့က ဝါး​နေစွာ မျက်​နှာကို ရှင်းလင်းစွာပင်​မမြင်​ရ သူ့အသံချိုချိုကိုသာကြား​နေရတယ်​။
နွေး​ထွေးလိုက်​တာ သူ့ကိုအမြဲအနားမှာ​ခေါ်ထားချင်​သည်​။

ခနကြာ​တော့ သူကရုန်းလာတယ်​ ဟင့်​အင်း ကျွန်​​တော်​မလွှတ်​ချင်​​သေးဘူး။ သူ့ ရင်​ဘက်​နှလုံးသား​နေရာကတဖြည်းဖြည်း ​သွေး​တွေစီးလာ​နေတယ်​။ကျွ​န်​​တော့်​ရင်​ဘက်​တစ်​ခုလုံးလည်း​သူ့​သွေး​တွေ​ကြောင့်​ရဲရဲ​နီ​နေတယ်​။ဒါ​ပေမယ့်​ အတ္တကြီးစွာပဲ ကျွန်​​တော်​ဖက်​တွယ်​ထားတုန်းပဲ။တဖြည်းဖြည်းများလာတဲ့ ​ကောင်​​လေးရဲ့​သွေး​တွေ​ကြောင့်​ လက်​က​နေ​ချော်​သွားကာ ထို​ကောင်​​လေးဟာလည်း ​အောက်​မှာ​ခွေလျှက်​သားပြုတ်​ကျသွားသည်​။

This is true love?(Completed)Where stories live. Discover now