Part 13(Zawgyi & Unicode)

1.8K 201 25
                                    

(Zawgyi)

နေ​ရောင်​ခြည်​​နွေး​နွေးက အ​မွှေးပါးနုနု​လေး​တွေ​ပေါက်​​ရောက်​ရာ လှရက်​လွန်း​သော မျက်​နှာပိုင်​ရှင်​​ပေါ်သို့ကျ​ရောက်​​နေသည်​။မျက်​နှာ​ပေါ်​နေထိုးတာ​တောင်​ မထချင်​​သေးပဲ ဟိုလှိမ့်​ဒီလှိမ့်​လုပ်​​နေ​သော ​ကောင်း​လေးမှာ အိပ်​ယာထဖို့ အပျင်းဆွဲ​နေသည့်​ပုံပင်​ ခနကြာ​တော့ မထချင်​ထချင်​နှင့်​ထလာပြီး ဆံပင်​စုပ်​ဖွား​လေးနှင့်​ ​ရေချိုးခန်းထဲသို့ဝင်​သွား​လေသည်​။

"ဟူး....ဒီ​နေ့တစ်​​နေ့တာကို​ရော ဘယ်​လိုကုန်​ဆုံးရပါ့မလဲ"

မှန်​ထဲ ကိုယ့်​မျက်​နှာကိုကြည့်​ကာ သင်းပြင်းချလျှက်​ စိတ်​ပျက်​စွာ​ပြောလိုက်​သည်​။မ​နေ့က Hyung တို့ ​အောက်​မှာဘယ်​လို​နေကြလဲ​တော့သူမသိ ph ပြန်​ယူပြီး ပြန်​တတ်​သွားကထဲက အခန်းထဲက​နေထွက်​မလာ​တော့တာ အခုထိပါပဲ တစ်​ညလုံးဆာ​လောင်​​နေတာကိုလည်း ​ရေဖြင့်​သာဗိုက်​ဖြည့်​ပြီး မရရ​အောင်​အိပ်​ခဲ့သည်​မဟုတ်​လား။လက်​ကဒဏ်​ရာဆို​ပြောမ​နေနဲ့​တော့ ယခုထိတိုင် ​နီရဲ​နေဆဲပါပဲ​လေ။

အိမ်​မှာဆို Hyung ကလွဲရင်​ဘယ်​သူမှမရှိတာမို့ Hyung မ​တော်​လို့​ပေးထားတဲ့ အကျီင်္ကို​အိမ်​​နေရင်း​ဘောင်းဘီအတို​လေးနဲ့တွဲဝတ်​လိုက်​သည်​။Hyung ကသာမ​တော်​တာ သူနဲ့က​တော်​​တော်​ကြီး​ပင်​size ကြီး​နေသည်​။ခေါင်း​လျှော်​ထား​သော်​လည်း ​ခြောက်​​အောင်​မသုတ်​ဖြစ်​ ​ရေတိတ်​ရုံသာသုတ်​ပြီး​အောက်​ထပ်​ဆင်းလာခဲ့သည်​။

Bell ring..........

"ထူးထူးဆန်းဆန်း အ​စောကြီးဘယ်​ကဧည့်သည်​လဲဟ"

အ​ကြောင်းမရှိ အ​ကြောင်းရှာ ဧည်သည်အား အ​​ပြစ်​တင်​​နေ​သော Kyung Sooမှာ ​နောက်​ဆုံး​တော့လည်း သွားဖွင့်​ရတာပါပဲ ဧည့်​ခန်းထဲမှာ ထိုင်​​နေတဲ့ Hyung က​တော့ မသိတာလား မကြားချင်​​ယောင်​​ဆောင်​တာလား မသဲကွဲတာ​ကြောင့်​ ဆူပုတ်​ပုတ်​မျက်​နှာဖြင့်​ တံခါးအားသွားဖွင့်​လိုက်​သည်​။

"ဟင်​...Sehun မနက်​အ​စောကြီး."

Sehun က​တော့သူ့လိပ်​ပြာဘယ်​​ဆီ​နေသည်​မသိ​တော့ ​သေချာတယ်​ သူထို​နေရာမှာတင်​အသက်​ထွက်​သွား​နိုင်​တယ်​ဆိုတာ သူ့အကြည့်​တို့ကအခုထိ Kyung Soo ဆီမှမခွာနိုင်​​သေး မိန်းခ​လေးထပ်​လှပ​သော အသားအရည်​ ဖြူ​ဖွေး​သော​​ခြေတံ​လေး ​ဘောင်းဘီ​က​ပေါင်​အတိုဖြစ်သည့်​အပြင်​ အကျီင်္ရဲ့ကြီးမားမှု​ကြောင့်​ ​ဘောင်းဘီ​က​​မ​ပေါ်ချင်​။

This is true love?(Completed)Where stories live. Discover now