Episode 10

631 58 2
                                    


(Unicode)

Yul တစ်ယောက် live အစီအစဉ်ပြီးသွားတော့ Jessica ရဲ့ performance ကို replay ပြန်ကြည့်နေတယ်။
ဖန်သားပြင်ပေါ်မှာ  Jessica တစ်ယောက် ငွေရောင်ဝတ်စုံလေးနဲ့ လှချင်တိုင်းလှနေပြီး ပရိသတ်တွေက လည်း တိတ်ဆိတ်နေတယ်။
ခန်းမတစ်ခုလုံး Jessica ရဲ့ အသံကလွဲလို့ ဘာသံမှ မကြားရလောက်အောင် . . .

Jessica က ဖန်ပြားတစ်ခုပေါ်မှာ သဲတွေနဲ့ ကမ်းခြေလေးတစ်ခုနဲ့ သစ်ပင်လေးတွေ ပြီးတော့ အိမ်စုလေးတွေ ပုံဖော်လိုက်တယ်။
အဲ့ဒိဖန်ုပြား ပေါ်ကပုံက ခန်းမထဲက  LED TV အကြီးစားပေါ်မှာ မြင်နေရတယ်လေ။

Jessica - တစ်ခါတုန်းက ပင်လယ်ကမ်းခြေလေးတစ်ခုရဲ့ဘေးမှာ ရွာလေးတစ်ရွာရှိတယ်။ အဲ့ဒိရွာမှာ သစ်တော်ပင်တွေ အများကြီး ရှိတဲ့အတွက် Peach Blossom Village လို့ခေါ်ကြတယ်။ ရွာသူရွာသားတွေက အလုပ်ကြိုးစားပြီး သနားကြင်နာတတ်ကြတယ်။ ဒါပေမယ့် အဲ့ဒိရွာလေးမှာ စာသင်ကျောင်းဆိုတာမရ်ှိခဲ့ဘူး။ ရွာထဲက ကလေးတွေတော်တော်များများ က စာသင်ကြားခွင့်မရခဲ့ဘူး။

Jessica က သဲတွေကိုပြန်ဖျက်လိုက်ပြီး လူတစ်ယောက်ရဲ့မျက်နှာပုံစံမျိုးဖော်လိုက်တယ်။

Jessica - ဒါပေမယ့် လွန်ခဲ့တဲ့ ၁၅ နှစ်လောက်မှာ ရွာကို ဆရာတစ်ယောက်ရောက်လာခဲ့တယ်။ အဲ့ဒိဆရာက သူ့ရဲ့အားထုတ်မှု နဲ့ ရွာထဲမှာ ကျောင်းလေးတစ်ခု ဆောက်ခဲ့တယ်။

Jessica က ဖန်ပြားပေါ်မှာ သဲတွေနဲ့ ကျောင်းဆောင်တစ်ခုမှာ ကလေးတွေစာသင်နေတဲ့ပုံကို ဖော်လိုက်တယ်။

Jessica - နောက်ဆုံးမှာတော့ ရွာက ကလေးတွေအတွက်ကျောင်းဆောင်လေးတစ်ခုရောက်လာတယ်။ ဒါတင်မကဘူး အဲ့ဒိဆရာက piano တီးတာကျွမ်းကျင်တဲ့အတွက် ကျောင်းမှာ music class လေး ကို ပါသင်ပေးခဲ့တယ်။ ကျောင်းဖွင့်ရက် တွေမှာ ဆိုရင် ကျောင်းဝင်းထဲက သစ်တော်ပင်တွေ အောက်ကနေ ဂီတ သံလေးတွေကြားနေရတယ်။

Jessica ကတော့ သူမရဲ့ Story အတိုင်း သဲတွေနဲ့ပုံဖော်ပြနေတယ်။

Jessica - ဒါပေမယ့်တစ်နေ့မှာ ကလေးလေးတစ်ယောက်က ပင်လယ်ထဲမှာရေဆင်းကူးရင်းနဲ့ ရေနစ်ခဲ့တယ်။ အဲ့ဒိဆရာက ပင်လယ်ထဲကိုဆင်းပြီး ကလေးကိုကယ်ခဲ့တယ်။ ကလေးကတော့ အသက်ရှင်ခဲ့ပေမယ့် ဆရာကတော့ ပင်လယ်ထဲက ပြန်တက်မလာနိုင်တော့ဘူး။
အဲ့ဒိဆရာမှာက ၁၅ နှစ်အရွယ် သမီးလေးတစ်ယောက်နဲ့ မွေးကင်းစ သားလေးတစ်ယောက်ရှိတယ်။
အဲ့ဒိဆရာကို မှတ်တမ်းတင်တဲ့အနေနဲ့ ရွာရဲ့ နာမည်ကို Haoli ကိုပြောင်းခဲ့ကြတယ်။ ဒါပေမယ့် ဆရာကတော့ မရှိတော့ဘူး။ ဆရာမရှိတော့တဲ့နောက်ပိုင်း ရွာရဲ့စီးပွားရေးအခြေအနေက ဆိုးသထက်ဆိုးလာတယ်။ ကျောင်း ရဲ့ piano ကိုလည်း အကြွေးတွေ ဆပ်ဖို့ရောင်းလိုက်ရတယ်။ ရွာရဲ့ကျောင်းလေးမှာ piano မရှိတော့ဘူး။ ဂီတဆရာလဲမရှိတော့ဘူး။ ဒါပေမယ့် ကလေးတွေက သစ်တော်ပင်တွေရဲ့အောက်မှာ သူတို့ရဲ့ သာယာလှပတဲ့ အသံလေးတွေနဲ့ သီချင်းတွေကို သီဆိုနေကြတုန်းပဲ။ တစ်ခြားသူတွေကိုပြောပြဖို့အတွက်ပေါ့။  သူတို့လဲ ကမ္ဘာပေါ်က တစ်ခြားကလေးတွေလိုပဲ အတူတူပါပဲဆိုတဲ့အကြောင်း။ သူတို့်မှာ လည်းဂီတနဲ့ပတ်သတ်တဲ့ အိပ်မက်တွေကို အကောင်အထည် ဖော်နိုင်ခွင့်ရှိတယ်ဆိုတဲ့အကြောင်း ပြောပြဖို့အတွက်ပေါ့။

Only You!Where stories live. Discover now