Episode 21

642 54 4
                                    

(Unicode)

Haoli ~


Jessica တစ်ယောက် Haoli ကိုပြန်ရောက်တော့ Huk ကို ရှာနေမိတယ်။

Sica - Vic omma
Huk ရော ?? ဘယ်သွားလဲ

Vic - မသိဘူး . . . ကမ်းခြေမှာ ရှိမှာပေါ့ 😕😕😕
ငါက သူ့ကိုလိုက်ကြည့်နေတာမှမဟုတ်ပဲ

Sica - သိပြီ. . . အာ့ဆို သမီးကမ်းခြေဘက်ခနသွားလိုက်ဦးမယ်နော်

ကမ်းခြေဘက်ကို အလောတကောပြေးထွက်သွားတဲ့ jessica ကိုကြည့်ပြီး

Vic - သူတို့နှစ်ယောက်က တစ်ခုခုတော့တစ်ခုခုပဲ အကယ်၍ သူတို့နှစ်ယောက်ကတစ်ယောက်နဲ့တစ်ယောက် ခံစားချက်တွေရှိနေတာ ဆိုရင် . . .
မဖြစ်ဘူး . . . ဒီလိုအဖြစ်မခံနိုင်ဘူး . . . ငါတားကိုတားရမယ်. . . . ငါတစ်ခုခုလုပ်ရမယ်။


Jessica ကမ်းခြေကိုရောက်သွားတဲ့ အခါ သစ်သားလှေအဟောင်းကြီးပေါ်မှာ ခြေထောက်တွဲလောင်းချထိုင်ပြီး ပါးစပ်က လဲပွစိပွစိပြောနေတဲ့ Huk ကိုတွေ့လိုက်ရတယ်။ 

Jessica က Huk ရဲ့နောက်ကို တိတ်တိတ်လေးသွားလိုက်တယ်။
Huk ကတော့ မသိရှာဘူး . . . သူ့မကျေနပ်ချက်တွေကိုပဲ စူပုပ်ပုပ်နဲ့ရေရွတ်နေတယ်။


Huk - အရူးမ . . . ငတုံးမ . . . နှာဘူးမ . . . @$*@$•@´


Jessica တစ်ယောက် သူမကိုပြောနေမှန်းသိတော့

Jessica - Yah 😡😡

နောက်ကနေ ဘွားခနဲပေါ်လာတဲ့ Jessica ကို ကြည့်ပြီး Huk တစ်ယောက် အတော်လေးလန့်သွားတယ်။

Huk - arrrrrr 😱😱😱

Jessica - yah . . . တော်စမ်း  မိန်းမကြီးအတိုင်းပဲ . . . အတင်းပြောနေတာ 😠😠😠

Huk - အံမာ . . .ဘယ်သူက အတင်းပြောနေလို့လဲ . . . 😠

Jessica - နင်လေ . . . 😠😠
တော်ပြီ။ နင်နဲ့ အသုံးမဝင်တာတွေငြင်းနေဖို့အချိန်မရှိဘူး။

Jessica တစ်ယောက် Taeyeon ပြောခဲ့တာလေးတွေကိုပြန်တွေးပြီး မျက်နှာကြီးက ဖြီးနေတယ်။
တကယ်တော့ Tae က သူမကို ယုံကြည်တဲ့အတွက် သူမဝမ်းသာနေတာပါ။
ဒါပေမယ့် Huk အမြင်မှာတော့

(Huk ~ ရုပ်ကို က . .စပလိမ်မျက်နှာနဲ့  😠 . . နှာဘူးမ . . )

Huk - နင့်မျက်နှာကြီး အဲ့လိုလုပ်မနေပါနဲ့ ရုပ်ဆိုးပါတယ်ဆို . . . 😒😒

Only You!Where stories live. Discover now