Episode 30

724 57 0
                                    

(Unicode)


Haoli ~

Haoli ရဲ့ မနက်ခင်းက ခါတိုင်းလိုပဲ သာယာလှပနေမြဲ။
Huk ဆိုတဲ့ သူ့အတွက်တော့ ဒီမနက်ခင်းက အသစ်အဆန်းတွေချည်းဖြစ်နေတယ်။
ခါတိုင်း မနက်တိုင်း ကြားနေရတဲ့ Vic Omma ရဲ့ ခုနှချီသံနဲ့အော်နှိုးတဲ့ အသံကိုလည်းမကြားရ။
ပိုပြီးတော့ထူးဆန်းတာတာ သူ့ ထက်အမြဲနောက်ကျမှ အိပ်ယာထတတ်တဲ့ Jessica တစ်ယောက် သူ့ထက်စောစောန်းနေပြီး သူ့ကိုတောင် လာ နှိူးနေတာပါပဲ။
Huk တစ်ယောက် အိပ်မှုန်စုံဝါးနဲ့ မျက်လုံးဖွင့်ကြည့်မိတော့ သူ့ကို ပြုံးပြုံးလေးကြည့်နေတဲ့ Jessica ဆိုတဲ့ သူမကိုတွေ့လိုက်ရတယ်။

(Huk ~ umm . . ထူးဆန်းတယ် . . .သူမက ငါ့ကိုစိတ်ဆိုးနေတာမဟုတ်ဘူးလား။ 😳😳
ငါအိပ်မက်မက်နေတာများလား. . . )

အိပ်ယာပေါ် ငုတ်တုတ်လေးထထိုင်ပြီး သူ့မျက်လုံးလေးတွေကို ပွတ်ရင်း သူ့ရှေ့က ကောင်မလေးကို ပြူးကြောင်ကြောင်လေး ကြည့်နေမိတယ်။
Jessica အတွက်တော့ ကလေးလေးလို သူမကိုပြူးပြူးလေးကြည့်နေတဲ့ huk က ချစ်ဖို့ကောင်းလွန်းနေတာကြောင့် huk ရဲ့ ပါးလေးနှစ်ဖက်ကို ဆွဲဖျစ်လိုက်တယ်။

Huk - အ ... နာတယ် ...
Jessica - အိပ်မက်မဟုတ်ပါဘူးလို့။ ...နမူနာပြတာ။
ကဲကဲ . . . သွား မျက်နှာသစ်ချေ။ နောက်ကျနေပြီ

သူမပြောတော့မှ နာရီကိုကြည့်မိတော့ 8 နာရီတောင်ထိုးနေပြီ။
Huk တစ်ယောက် မျက်လုံးပြူးသွားပြီး

Huk - omo. . Vic omma တော့ သတ်တော့မှာပဲ။ . . 😖😖😖

ကုတင်ပေါ်က ဝုန်းခနဲပြေးဆင်းသွားပြီး ရေချိုးခန်းထဲကိုပြေးဝင်သွားတယ်။
သူ ရေချိုးခန်းထဲကို ဝင်သွားတော့မှ ကျန်ခဲ့တဲ့ကောင်မလေးက ပြုံးနေတဲ့မျက်နှာလေးကနေ ဝမ်းနည်းတဲ့အသွင်ပြောင်းသွားတာကိုတော့ သူမသိလိုက်ဘူးပေါ့။

ခဏကြာတော့ Huk တစ်ယောက် အလောတကောနဲ့ အောက်ကိုပြေးဆင်းလာပြီး Vic omma ရဲ့ မဆုံးနိုင်တဲ့ သြဝါဒ စကားတွေကို နားထောင်ဖို့ ပြင်ဆင်ထားလိုက်တယ်။
ထူးဆန်းစွာနဲ့ပဲ သူအောက်ထပ်ကိုရောက်တော့ မျက်နှာရှစ်ခေါက်ချိုးနဲ့ ဒေါသတကြီးဖြစ်နေမယ့် Vic Omma ကိုတွေ့ရမယ့်အစား အေးအေးဆေးဆေးနဲ့ စားပွဲပေါ်မှာ ပန်းကန်တွေစီနေတဲ့ Vic Omma ကိုတွေ့လိုက်ရတယ်။

Only You!Where stories live. Discover now