Episode 42

1.7K 169 111
                                    

(Unicode)

4 ထပ်မြောက်က Hall ခန်းမကျယ်ထဲမှာတော့ ကောင်လေးတစ်ယောက်က ပိန်ပိန်သေးသေးကောင်မလေးကိုသာ မျက်စိဒေါက်ထောက်ကြည့်နေမိသည်။
တစ်ချိန်လုံးစောင့်ကြည့်ခံနေရသလိူဖြစ်နေတာကြောင့် အနေရခက်လာရှာတဲ့ ထိုကောင်မလေးက

Sica - ဘာဖြစိးလို့ငါ့ကိုပဲလိုက်ကြည့်နေတာတုနိး။
ငါတကယ် အဆငိပြေပါတယ်ဆို ...

သူမရဲ့ လှုပ်ရှားမှုမှန်သမျှကိုစိုးရိမ်မှုတွေအပြည့်နဲ့ လိုက်ကြည့်နေရှာတဲ့ ထိုကောင်လေးကို လှည့်မေးလ်ုက်တော့

Tae - နင် တကယ်အဆင်ပြေရဲ့လား။
နင်အဆင်မပြေဘူးဆိုရင် ငါတို့အခု ပြန်ကြမယ်လေ။
ငါတို့ အခုပြန်သွားလို့ Haoli ဘာမှမဖြစ်စေရဘူးလို့ ငါအာမခံတယ်။ လာပါ ပြန်ကြရအောင်

သူမကို စိတ်ပူစွာပြောလာတဲ့ ထိုကောင်လေးကို တစ်ချက်ပြုံးပြလိုက်ရင်း

Sica - ငါတကယ် အဆင်ပြေပါတယ်ဆိုဟာ ...
အလုပ်က အလုပ်... personal က personal ဆိုတာ ငါတို့ခွဲခြားသိရမယ်လေ။  ငါက ဘယ်သူလဲ
Jessica Jung Sooyeon ပါ...
ဒီလောက်လေးနဲ့တော့ ဘာမှယိုင်လဲသွားစရာမရှိပါဘူးဟ။
သူလဲ သူ့အလုပ်လုပ်နေသလို ငါလည်း ငါ့အလုပ်ကိုလုပ်ရမှာပေါ့

ဒါကအလုပ်လုပ်နေတာမဟုတ်ပဲ နင့်ကို တမင်သက်သက်ထိုးနှက်နေတာ ဟု Taeyeon ပြောလိုက်ချင်ပါသော်လည်း အခုတောင် လူအများရှေ့မှာ သူ့ရှေ့မှာ မို့ ကြိုးစားပြီး ကြံခိုင်သန်မာချင်ယောင်ဆောင်နေတဲ့ ထိုကောင်မလေးကို နောက်ထပ် စိတ်ဒဏ်ရာလည်း မပေးချင်တော့ပါ။

SIica - ဒီမှာ ကြည့်ပါ့လား ငါအကောင်းကြီး... အ ...

ပြောလည်းပြော ... သူကိုလက်တွေ့သက်သေပြဖို့ စားပွဲမှာထာင်ထားတဲ့ ကြမ်းသုတ်တံ ကို လှမ်းအယူ
ကံဆိုးချင်တော့ စောစောက ထိထားတဲ့လက်ဖြစ်နေတော့ သူမ စကားတောင်ဆုံးအောင်ပြောနိုင်ပဲ ထအော်မိချင်းသာ

ဘယ်လိုပဲပြောပြော ပြောလို့ရမှာလည်း မဟုတ်တဲ့ ထိုကောင်မလေးနဲ့ စကားပြိုင်ငြင်းမနေတော့ပဲ Taeyeon တစ်ယောက် သူု့ရဲ့ အပေါ်ကုတ်ကို ချွတ်လိုက်ပြီးတော့ အကျီၤလက်အနားတွေကို ခေါက်တင်လိုက်သည်။
ထို့နောက် သူ့ကိုပြူးကြောင်ကြောင်လေးကြည့်နေတဲ့ ထိုကောင်မလေးဆီက ကြမ်းသုတ်တံကို ဆွဲယူလိုက်ပြီး

Only You!Where stories live. Discover now