(Unicode)
Arrr ....
သာယာလှပတဲ့ မနက်ခင်းလေးတဟ်ခုကိုဖျက်ဆီးလိုက်တဲ့ သူမရဲ့စူးစူးဝါးဝါးအော်သံ။
ထို အသံရဲ့ပိုင်ရှင်ကတော့ Jessica Jung ဆိုတဲ့သူမ။Jessica တစ်ယောက် မနေ့က စွတ်သောက်ထားတဲ့ဝိုင်တွေကြောင့် အိပ်ယာကနိုးနိုးချင်း ခေါင်းထဲမှာ ရိုးတိုးရိပ်တိတ်...
Jessica - အ ...ငါ့ခေါင်း ...ကျွတ်ကျွတ် ...
ရီဝေေ၀ဖြစ်နေရာက သူမရဲ့ဘက်ဘေးကိုကြည့်လိုက်မိတော့
ကုတင်ရဲ့ဘေးမှာထိုင်ရင်း ကုတင်တိုင်ကိုမှီပြီး အိပ်ပျော်နေတဲ့ Kim Taeng" ARRRR ..... "
သူမရဲ့ Dolphin Voice ကြောင့် အိပ်ပျော်နေတဲ့ Kim Taeng ခမျာ လန့်နိုးသွားရပါတယ်။
မျက်လုံးလေးကိုပွတ်ရင်းTae - မနက်ကြီးစောစောစီးစီး ဘာဖြစ်လို့ဒီလောက်တောင်အော်နေရတာလဲ။
Tae ကတော့ အေးအေးဆေးဆေး ပြောလိုက်ပေမယ့် မအေးဆေးနိုင်သူက သူမ ။
သူမကိုယ်သူမ စောင်ကြီးနဲ့ ကာပြီး ...Jessica - နင် ...နင် ငါ့ကို ဘာလုပ်လိုက်သေးလဲ ...
Tae က သူမကို နားမလည်စွာကြည့်နေတော့
Jessica - နင်...နင်က ဘာဖြစ်လို့ ငါ့ဘေးမှာ အိပ်နေရတာလဲ
နင် .... နင် ငါမူးနေတုန်း ဘာတွေများလုပ်လိုက်သေးလဲ။ပြောရင်းနဲ့ မျက်နှာကြီးနီလာတဲ့သူမကိုမြင်မှ Tae ခမျာ ဘာကိုဆိုလိုတယ်ဆိုတာ သဘောပေါက်သွားရသည်။
Tae - Ha ha ha 😂😂
Jessica - ဘာ ...ဘာရီတာလဲ ...😰😰
သူမက အတည်ပြောနေပေမယ့် အရယ်ရဆုံးပျက်လုံးတစ်ခုကိုကြားလိုက်ရသလို တဟားဟား ထရီနေတဲ့ Tae ကြောင့် ပိုလို့တောင်ရှက်သွားခဲ့ရပါသည်။
Tae - ငါ့အထင် နင် Drama တွေကြည့်တာလျော့သင့်တယ် ဟ
Jessica - ဟင် 😳😳
Tae - နင်တွေးနေတဲ့ဟာတွေက drama တွေထဲမှာသာ အဖြစ်များတာပါဟာ။ 😂😂
နင့်ကိုယ်နင်လည်း ပြန်ကြည့်ပါဦးအဲ့တော့မှ သူမကိုယ်သူမပြန်ကြည့်မိတယ်။
ဟုတ်ပါရဲ့။ သူမ ကိုယ်ပေါ်မှာ အဝတ်အစားတွေကလည်း ဒီအတိုင်း။ ပြီးတော့ Tae အိပ်နေတယ်ဆိုတာကလည် ကုတင်ဘေးက ကုလားထိုင်လေးပေါ်မှာ။
သူမကသာ Tae ရဲ့လက်ကြီးကို ဆွဲထားပြီး အိပ်ပျော်နေခဲ့တာ။
သေချာပြန်စဉ်းစားကြည့်တော့မှ မနေ့က သူမ မူးရူးပြီးသောင်းကျန်းခဲ့တာတွေက အစီအရီပြန်ပေါ်လာသည်။
VOCÊ ESTÁ LENDO
Only You!
Romance(Unicode) " လောကကြီးမှာရှိတဲ့ အရာတွေအားလုံး ပြောင်းလဲသွားပါစေ ... နင့်အပေါ်မှာထားရှိတဲ့ ငါ့ရဲ့မေတ္တာတရားက ဘယ်တော့မှ ပြောင်းလဲသွားမှာမဟုတ်ဘူး ... ငါ့အတွက်တော့ နင်က အမြဲထာဝရ တစ်ဦးတည်းသော ..." (Zawgyi) " လောကကြီးမှာရှိတဲ့ အရာတွေအားလုံး ပြောင်...