(Unicode)
SM Hotel ~
Board Director Meeting Hall ~Yul တစ်ယောက် ဒီနေရာကို အကြိမ်ပေါင်းများစွာ လာခဲ့ဖူးပေမယ့် ဒီတစ်ခါတော့ ခံစားမှုက အသစ်ဖြစ်သည်။
အမြဲတမ်း စားပွဲရှည်ကြီးရဲ့ ထိပ်က နေရာမှာ အမြဲ မာန်အပြည့်နဲ့ထိုင်နေကျ။
Director အဖွဲ့ဝင်အားလုံးက လိုလားသည်ဖြစ်စေ မလိုလားသည်ဖြစ်စေ
သူ့ရဲ့ သြဇာလွှမ်းမိုးမှုအောက်မှာ တည်ခဲ့ကျသည်သာအခုတော့ အရာအားလုံးက ပြောင်းပြန် ။
စားပွဲထိပ်က သူရဲ့နေရာဟာ လည်း လစ်ဟာနေသည်။သူ ဒီ Hall ထဲကို စရောက်ကတည်းက အားလုံးက သူ့ကို တူညီတဲ့ အကြည့်တစ်မျိုးထဲနဲကြည့်နေကြတာကို သတိထားမိပါတယ်။
တကယ်တော့ လွန်ခဲ့တဲ့နာရီဝက်ကတည်းက အစည်းအဝေးစရမှာဖြစ်ပေမယ့် အားလုံးက တုပ်တုပ်မှမလှုပ်။ တစ်စုံတစ်ယောက်ကိုစောင့်နေကြဟန် ရှိသည်။ခနကြာတော့ Share Holder တစ်ယောက်က စကားစဆိုလာသည်။
" Director Kim ဘယ်မှာလဲ . . . "
သြော် သူတို့အားလုံးစောင့်ဆိုင်းနေကြတဲ့သူက Kim Taeyeon တဲ့လား။
ဒီ SM ရဲ့ CEO Kwon Yul မဟုတ်ပဲ Kim Taeyeon တဲ့လား။အမြဲတမ်း သူနဲ့ ပြဒါးတစ်လမ်း သံတစ်လမ်း ဖြစ်နေကြတဲ့ Share Holder တွေတောင် Taeyeon ကိုမျှော်လင့်နေကြသည်တဲ့လား။
Tylor - အခု ကျွန်တော်ကို စုဝေးရောက်ရှိနေတာက အခု SM ရဲ့ CEO ဟောင်း Kwon Yul လည်း ပြန်ရောက်လာပြီဆိုတော့ ဘယ်လိုပဲဖြစ်ဖြစ် လူကြီးမင်းတို့အနေနဲ့ လက်ရှိ CEO နေရာ အတွက် အသစ်ပြန်လည်ရွေးချယ်ပေးဖို့ပါ
Share Holder 1 - ဒါကို ကျွန်တော်တို့ အားလုံးကောင်းကောင်း သဘောပေါက်ပါတယ်လေ။ ဒါကြောင့် ကျွန်တော်တို့က Director Kim ကိုမျှော်နေကြတာပေါ့။
" မှန်ပါတယ် ... အခု Director Kim ဘယ်မှာပါလဲ "
Share Holder 2 - ကျွန်တော်ကတော့ အခုလက်ရှိ CEO နေရာ အတွက် အသင့်တော်ဆုံးလူက Director Kim Taeyeon လို့ပဲမြင်ပါတယ်။
" မှန်ပါတယ် ကျွန်တော်တို့လည်းထောက်ခံပါတယ် "
" တစ်ချိန်လုံး အကြောင်းပြချက်မရှိပဲ ပျောက်နေပြီး ခုမှ ပြန်ပေါ်လာတဲ့ သူတစ်ယောက်ထက် Hotel ရဲ့ အခက်ခဲဆုံးအချိန်တွေမှာ ဥိးဆောင်ခဲ့ပြီးတော့ Hotel ကို ပိုပြီး တိုးတက်အောင်လုပ်ပေးခဲ့တဲ့သူကိုပဲ CEO အဖြစ်ရွေးချယ်တာ ဖြစ်သင့်ပါတယ်။ "

YOU ARE READING
Only You!
Romance(Unicode) " လောကကြီးမှာရှိတဲ့ အရာတွေအားလုံး ပြောင်းလဲသွားပါစေ ... နင့်အပေါ်မှာထားရှိတဲ့ ငါ့ရဲ့မေတ္တာတရားက ဘယ်တော့မှ ပြောင်းလဲသွားမှာမဟုတ်ဘူး ... ငါ့အတွက်တော့ နင်က အမြဲထာဝရ တစ်ဦးတည်းသော ..." (Zawgyi) " လောကကြီးမှာရှိတဲ့ အရာတွေအားလုံး ပြောင်...