Episode 31

812 66 1
                                    

(Unicode)

ခေါင်းက တစ်ဆစ်ဆစ်နာကျင်မှု နဲ့အတူ နိုးထလာတဲ့
Kwon Yul
သူမျက်လုံးဖွင့်ဖွင့်ခြင်း အမြင်တွေက ဝေေ၀ဝါးဝါး
အိပ်မက်လား ?? တကယ်လားမသိ တဲ့ သူခေါင်းထဲက ပုံရိပ်တစ်ချို့ ကလည်း ေ၀ဝါးစွာဖြင့် ...

ဘေးဘီကို ကြည့်လိုက်တော့ သူနဲ့မရင်းနှီးတဲ့နေရာတစ်ခု...

" Yul သတိရလာပြီလား. . . "

သူ့ဘေးက အသံလာရာကို အာရုံစိုက်ကြည့်မိတော့

Yul - F..Fany ya...

Tiffany - Fany...?? ...နင် အတိတ်ကိုပြန်သတိရပြီလား?

Yul - ဘာ  ?? ငါအခုဘယ်ရောက်နေတာလဲ

Boa - သား ယာဉ်တိုက်မှု ဖြစ်လို့ အခုဆေးရုံကို ရောက်နေတာလေ။

Yul - Omma ... ယာဉ်တိုက်မှု? ?

သူမသိခဲ့တဲ့အချိန်တစ်ခုကို ပြန်စဉ်းစားကြည့်မိတော့ ခေါင်းထဲက နာကျင်မှုက ပိုပြီးဆိုးလာခဲ့သည်။

Yul - အား. . .ငါမသိတော့ဘူး. . . မသိတော့ဘူး

သူ့ရဲ့ခေါင်းကို ကိုင်ပြီး အော်နေသည်။
Boa က Yul ကို ဖက်ထားလိုက်ပြီး

Boa - သားရယ် အဆင်ပြေပါတယ်။  သားမသိဘူးဆိုရင်လည်း အဆင်ပြေပါတယ်။ အရေးကြီးတာကအခုဆိုရင် omma တို့အတူတူရှိနေပြီလေ။

Fany က တော့ Yul တို့သားအမိကိုကြည့်ရင်း

(Tiffany ~ Kwon Yul နင်တကယ်ပဲ ပြန်လာပြီပဲ။တကယ်ပဲ ငါ့ရဲ့ Kwon Yul အနေနဲ့ ပြန်လာခဲ့တာပဲ
အခု ငါအရမ်းလုံခြုံသွားပြီးလိုခံစားရတယ်. . ငါ့ကို အမြဲကာကွယ်ပေးမယ့် နင်ပြန်ရောက်လာပြီလေ။ ကျေးဇူးတင်ပါတယ်။ ငါ့ရဲ့ ဘေးကိုပြန်ရောက်လာပေးလို့)

Yul က သူမဘေးကို တကယ်ပဲ ပြန်ရောက်လာခဲ့ပြီဆိုတဲ့ အတွေးနဲ့တင်ပြုံးမိတယ်။

Taeyeon - ကျွန်တော် Dr သွားခေါ်လိုက်ပါ့မယ်။

ခနကြာတော့ တာဝန်ကျ Dr နဲ့အတူ Taeyeon ပြန်ရောက်လာတယ်။

Yul ကို စစ်ဆေးပြီးသွားတော့

Dr - ဘာစိုးရိမ်စရာ မရှိတော့ပါဘူး. . .Mr. Kwon Yul အနေနဲ့ မကြာခင်မှာ ဆေးရုံကဆင်းလို့တောင်ရနေပါပြီ။

Only You!Où les histoires vivent. Découvrez maintenant