Episode 39

1.2K 125 119
                                    

(Unicode)

" မင်းရူးသွားပြီလား ... "

တိတ်ဆိတ်နေသော အခန်းအတွင်းက ကျယ်လောင်စွာထွက်ပေါ်လာတဲ့အသံတစ်ခု ...
Kim တစ်ယောက် သူ့ကိုတမင်လိုက်အရွဲ့တိုက်ဖို့များ စိတ်ကူးနေသလားလို့ Yuri ထင်မိသည်။

Yul - ဒါ စီးပွားရေးလုပ်နေတာကွ ... ကလေးကစားနေတာမဟုတ်ဘူး
မင်းစိတ်ရောမှန်သေးရဲ့လား

Tae - ငါလည်း စီးပွားရေးအရပဲပြောနေတာလေ...
Jeju က မင်းလိုချင်နေတဲ့ မြေဧက ၁၀၀၀ ကို ပေးမယ်။
မင်း Haoli ကို လက်လွှတ်လိုက်ပါ ...

Yul - မင်းတကယ် စိတ်မမှန်တော့ဘူးပဲ ...

Tae - Haoli လို ဧက ၁၀၀ တောင်မရှိတဲ့နေရာလေးနဲ့စာရင် Jeju လို နေရာမျိုးက မြေဧက ၁၀၀၀ က မင်းအတွက်ပိုအသုံးဝင်တယ်မဟုတ်လား
မင်းကြိုက်တဲ့ project ရေးပြီး ကြိုက်သလိုစီမံလို့ရတယ်။
အဲ့တော့ jeju ကမြေကိုယူပြီးတော့ haoli ကို ငါ့ကိုပေးလိုက်ပါ။
ပြီးရင် ဘယ်တော့မှ Haoli ကိုခြေဦးမလှည့်နဲ့တော့

Haoli ကိုခြေဦးတောင်မလှည့်နဲ့ဆိုတဲ့ စကားကြောင့် Yul တစ်ယောက် မသိစိတ်ရဲ့တစ်နေရာက ဆို့နင့်နေမိသလိုလို ဝမ်းနည်းနေမိသလိုလို ... သေချာတာကတော့ သူအတော် ဒေါသထွက်နေတယ်ဆိုတာပင်။
စူးရဲတ့မျက်လုံးတွေနဲ့ သူ့ကိုကြည့်နေတဲ့ Tae ကိုကြည့်ရင်း  ခနဲ့တဲ့တဲ့ပြုံးလိုက်ြပိး

Yul - မလုပ်နိုင်ဘူးဆိုရင်ရော ...

Tae - ဘာ...

Yul - မပေးနိုင်ဘူးဆိုရင်ရော ... မင်းက
မင်းကောင်မလေးကိုကာကွယ်ဖို့ ဒီလောက်ကြိုးစားပေးနေတာ
ချီးကျူးပါတယ်။
ဒါပေမယ့် လုံး၀ မပေးနိုင်ဘူး ...
Jeju ကမြေဧက တစ်ထောင်က မက်လောက်စရာပမာဏပေမယ့် Haoli နဲ့ လုံးဝလဲမပေးနိုင်ဘူး ...

Taeyeon ရဲ့အနားကိုလျှောက်သွားလိုက်ပြီး လှောင်ပြုံးတစ်ခုနဲ့အတူ ပုခုံးပေါ်လက်တင်ရင်း

Yul - သိပ်ချစ်တတ်တဲ့ အချစ်သူရဲကောင်းကြီးကိုတော့ လေးစားပါတယ်ကွာ။
ဒါပေမယ့် မင်းရဲ့အပေးအယူက ငါ့ကိုစိတ်ဝင်စားအောင်မဆွဲဆောင်နိုင်ဘူးဆိုတော့ စိတ်မကောင်းစရာပဲ။ 
မင်းအနေနဲ့ပြောစရာမရှိတော့ရင် ထွက်သွားလို့ရပြီ။

Only You!Where stories live. Discover now