Episode 14

593 52 0
                                    

(Unicode)

ဝိုင်လှောင်တဲ့ကျင်းထဲကို ပြုတ်ကျသွားတဲ့
Jessica နဲ့ Yul


Jessica - အ. . .သေပါပြီ။ နင်က ငါ့ကို ကျင်းရှိတာ ဘာလို့်မပြောတာလဲ ။

Yul - ငါ . ပြော တယ် . . .

Yul စကား မဆုံးသေးခင်

Jessica - ပြီးတော့ ဘာလို့ ငါ့နောက်ကိုပဲ လိုက်နေရတာလဲ။

Yul - ငါ က . . .

Jessica - နင့်ကို ငါ့နောက်မလိုက်ပါနဲ့ဆိုတာ။ ခု ဘယ်လိုလုပ်မလဲ။ နှစ်ယောက်လုံးပြုတ်ကျပြီ။ ခု ဘယ်လိုပြန်တက်မှာ လဲ။

Yul က သူ့ကို စကား ပြန်ပြောခွင့်မပေးပဲ ပိတ်ပိတ်ဟောက်နေတဲ့ Jessica ကြောင့်

Yul - ငါလဲ နင့်ကိုပြောတာ ပဲ ။ နင်မှ နားမထောင်တာ။ နောက်ပဲ ဇွတ်တိုးနေတာ ကိုး။ ပြီးတော့လေ နင်က တကယ့်ဟောက်သီးပဲ။ . . .
ဟွန်း . . . နင်သာလှမ်းမဆွဲရင် ငါဘာမှ ဖြစ်မှာ မဟုတ်ဘူး။ သူကလဲ လှမ်းဆွဲသေး သူက လည်းအော် သေး ။ အံသြဘ ဟယ်။ 😕😕😕

Yul က နှုတ်ခမ်းကြီးတထော်ထော်နဲ့ ပြောပြီး ဟိုဘက်ကိုလှည့်သွားတယ်၊

Jessica - အံမာ နင် ငါ့ကိုခု လာအော်နေတာလား ။ နင်သာ ငါ့နောက်မလိုက်ရင် ဘာမှ ဖြစ်မှာ မဟုတ်ဘူး။

Jessica က လည်း Yul ကိုကျောပေးထိုင်ကာ ပါးစပ်က လဲ ပွစိပွစိနဲ့ ပြောနေတယ်။

ခနကြာတော့ Jessica က အပေါ်ကို ပြန်တက်လို့ ရလို ရငြား အပေါက်ကို သွားကြည့်ဖို့အထ . . . ချက်ချင်းပြန်လဲကျသွားတယ်။

Yul က Jessica ကို ကြည့်လိုက်တော့ သူမရဲ့ ခြေကျင်းဝတ် မှာ ပြုတ်ကျတုန်း က ရတဲ့ ဒဏ်ယာက သွေးတွေတောင်ထွက်နေတယ်။

Yul - ရရဲ့လား ။

Jessica - ငါ့ပုံစံက အဆင်ပြေတဲ့ ပုံစံပေါက်နေလို့လား

Yul က Jessica နား သွားပြီး သူမခြေထောက်က ဒဏ်ရာ ကို ကြည့်ပေးလိုက်တယ်။
ပြီးတော့ သူအင်္ကျ ီအောက်နားစလေး ကို ဖြဲပီး သူမရဲ့ ခြေထောက်မှာ ပတ်တီး အနေနဲ့ စည်းပေးလိုက်တယ်။
Yul ပတ်တီးစည်း ပေးနေတုန်း


[Jessica ~ သူက ဒီလိုဆိုတော့လည်း မဆိုးဘူးဟ။ အမြဲတမ်း အော်ဟစ်နေပြီး မျက်နှာ ရှစ်ခေါက်ချိုးနဲ့လူက တစ်ခါတစ်လေ တော့ လည်း ကြင်နာတတ်သားပဲ။ ဒီလို မျိုး ပုံစံလေး ကျတော့လည်း ချစ်စရာတောင်ကောင်းတယ်။ 😊 ]

Only You!Où les histoires vivent. Découvrez maintenant