Episode 40

1.5K 130 97
                                    

(Unicode)

Kwon Mansion

မနက်ကြီးစောစောစီးစီး
စာကြည့်ခန်းထဲက အလုပ်စားပွဲမှာထိုင်ရင်း ရှေ့မှာရှိတဲ့ စာရင်းဇယားပုံကြီးကို Kwon Yul ကသိုဏ်းရှုနေတာ အချိန်အဘယ်မျှကြာသွားသည်မသိ။
သူ့ရဲ့ အတွေးတွေကတော့ မနေ့နေ့လည်က သူ့ဆီကို မဖိတ်ခေါ်ပဲရောက်လာခဲ့တဲ့ ဧည့်သည်တစ်ယောက်ဆီမှာ


Flashback

Kwon တစ်ယောက် နေ့လည်ပိုင်း meeting အပြီးမှာ သူရဲ့ office room ဘက်ကိုဦးတည်ပြီး လျှောက်လာတုန်း အနောက်ဘက်ဆီက သူ့ရဲ့နာမည် ခေါ်သံသဲ့သဲ့ကိုကြားလိုက်ရတော့ လှည့်ကြည့်မိသည်။

သူနဲ့ခပ်လှမ်းလှမ်းတစ်နေရာကနေ သူဆီကို မှုန်ကုပ်ကုပ်မျက်နှာထားနဲ့ အတူ ခြေလှမ်းကဲျကြီးတွေနဲ့လျှောက်လာတဲ့ ကောင်မလေးတစ်ယောက်။
တစ်နည်းအားဖြင့် သူလုံးဝမျှော်လင့်မထားတဲ့ သူမ ...
Jessica Jung

သူရှေ့ဆက်မသွားနိုင်သေးခင်မှာပဲ သူ့အနားကိုရောက်လာတဲ့သူမကြောင့် ချက်ချင်းပဲမျက်နှာကို နဂိုထက်ပိုတည်ထားလိုက်ပြီး

Yul - ဒီကို ဘာလာလုပ်တာလဲ

Jessica - ခဏလောက် စကားပြောစရာရှိတယ်

Yul - ငါမအားဘူး ...

Jessica - ခဏဆိုရင်ရပြီ ...

Yul သူမကိုကြည့်လိုက်တော့လည်း လုံးဝပြောရမှဖြစ်မယ်လို့ သံဒိဋ္ဌာန်ချထားတဲ့ပုံမျိုး ...
ပြီးတော့ သူကိုယ်တိုင်လည်း ဒီကောင်မလေး ဘာတွေများပြောချင်နေသေးတာလဲဆိုတာ သိချင်တာကြောင့်

Yul - ကောင်းပြီလေ ... လိုက်ခဲ့...

ဟိုအရင်တစ်ခါ သူမနဲ့နောက်ဆုံးတွေခဲ့တဲ့ရေကန်နားကိုရောက်တော့

Yul - ဘာကိစ္စလဲ ပြော

သူမရှိရာကို တစ်ချက်လေးတောင်လှည့်မကြည့်ပဲ ရေကန်ဘက်ကိုသာမျက်နှာမူကာ ပြောလာသည်။
သူ့ဆီက ဒီလိုအေးတိအေးစက်ဆက်ဆံခံရမယ်ဆိုတာ ကြိုသိနေပေမယ့် တကယ်တမ်းကျတော့ သူမ အရာအားလုံးကို အရှုံးပေးပြီး ဒီနေရာနဲ့ အဝေးဆုံးကိုထွက်သွားချင်မိသညိ။
ဒါပေမယ့် သူမတစ်ယောက်တည်းမှမဟုတ်တာ ...
Haoli က လူတွေအတွက်ပါတွေးမိတော့
သူမ ထိုသို့လုပ်၍မဖြစ်။

Only You!Tempat di mana cerita hidup. Terokai sekarang