(Unicode)
Haoli ကမ်းခြေတစ်နေရာ ...
ပတ်ဝန်းကျင်တစ်ခုလုံး လိုှင်းခွပ်သံတွေမျှအပ မည်သည့်အသံမှမကြားရအောင်တိတ်ဆိတ်နေသည်။
ပင်လယ်ဘက်ကိုတိုးထွက်နေတဲ့ ကျောက်ဆောင်ဂမူစွန်းလေးပေါ်မှာ ခြေထောက်နှစ်ချောင်းကိုတွဲလောင်းချပြီး ထိုင်နေကြတဲ့ ကောင်လေးတစ်ယောက်နဲ့ကောင်မလေးတစ်ယောက် ..ပင်လယ်ပြင်ရဲ့အဝေးတစ်နေရာကိုသာစိုက်ကြည့်နေကြပြီး နှစ်ယောက်သား စကားတစ်ခွန်းမဆိုကြ။
တိတ်ဆိတ်မှုကသာ ကြီးစိုးလျက်ရှိသည်။
ခဏကြာတော့မှJessica - အဆင်ပြေရဲ့လား ...
Tae - တောင်းပန်ပါတယ် ...
တစ်ချိန်ထဲမှာပဲ တစ်ပြိုင်နက်ထွက်ပေါ်လာတဲ့ စကားသံနှစ်ခု။
Jessica - Wae ? ဘာဖြစ်လို့တောင်းပန်တာလဲ ...
Tae - ငါ စိတ်မထိန်းနိုင်ပဲဖြစ်သွားတဲ့အတွက်ရော
မင်းကို ဒီအရှုပ်ထုပ်ကြီးထဲကိုဆွဲခေါ်မိတဲ့အတွက်ပါ တောင်းပန်ပါတယ်။
သူ့ကို ဒဏ်ရာရအောင်လုပ်မိတဲ့အတွက်လည်းတောင်းပန်ပါတယ်။Tae က ပင်လယ်ပြင်ကြီးဆီကနေ အကြည့်မလွှဲပဲပြောလိုက်ပေမယ့် Jessica ဆိုတဲ့သူမကတော့
Tae ကို နားမလည်နိုင်စွာ စူးစိုက်ကြည့်ရင်း ...Jessica - ဘာဖြစ်လို့ ဒီလောက်တုံးရတာလဲ ...
ဘာဖြစ်လို့ ဒီလောက်အရတာလဲ ...
နင်ကအရူးလား ..သူက တောင်းပန်နေပေမယ့် သူမဆီကကြားရတဲ့ ထူးဆန်းတဲ့စွပ်စွဲချက်တွေကြောင့် ဘေးကိုလှည့်ကြည့်လိုက်မိတော့
ဒေါသတွေအခိုးဝေနေတဲ့မျက်လုံးတွေနဲ့ သူ့ကိုစိုက်ကြည့်နေတဲ့ သူမကိုတွေ့လိုက်ရသည်။Tae - Soo ... Sooyeon ah ...
Jessica - wae ? ... ဘာဖြစ်လို့အမြဲပဲ သူများအတွက်ပဲတွေးပေးရတာလဲ ... နင့်အတွက်ကျတော့ရော ...
နင့်မှာရော ... နင်မှာရော ကိုယ်ပိုင်ခံစားချက်ဆိုတာမရှိတော့ဘူးလား
ဘာဖြစ်လို့ကိစ္စတိုင်းနင့်အပြစ်တွေချည်းပဲလို ထင်နေရတာလဲ ...Tae - Sooyeon ah ... ငါ ...
သူမက သူ့ကို စကားဆုံးအောင်ပြောခွင့်မပေး ...
![](https://img.wattpad.com/cover/109666328-288-k191429.jpg)
أنت تقرأ
Only You!
عاطفية(Unicode) " လောကကြီးမှာရှိတဲ့ အရာတွေအားလုံး ပြောင်းလဲသွားပါစေ ... နင့်အပေါ်မှာထားရှိတဲ့ ငါ့ရဲ့မေတ္တာတရားက ဘယ်တော့မှ ပြောင်းလဲသွားမှာမဟုတ်ဘူး ... ငါ့အတွက်တော့ နင်က အမြဲထာဝရ တစ်ဦးတည်းသော ..." (Zawgyi) " လောကကြီးမှာရှိတဲ့ အရာတွေအားလုံး ပြောင်...