Episode 37

1.5K 126 149
                                    

(Unicode)

Haoli ကမ်းခြေတစ်နေရာ ~
ငြိမ်သက်နေတဲ့ပင်လယ်ကြီးကို နောက်ခံထားပြီး တစ်ယောက်နဲ့တစ်ယောက် ရုန်းရင်းဆန်ခတ်ဖြစ်နေတဲ့ လူနှစ်ဦး။

Jessica - နာတယ် ... ငါ့လက်ကိုလွှတ်။

Yul - မင်းသာ စကားကောင်းကောင်းပြောနေကတည်းက နားထောင်ရင် ဒီလိုဆွဲလာစရာအကြောင်းမရှိဘူး။

Yul က သူမလက်ကိုဆောင့်လွှတ်ရင်းပြောလိုက်သည်။
Jessic က နီရဲသွားတဲ့ သူမလက်ကောက်ဝတ်လေးကိုကြည့်ရင်း နာကျင်လွန်း၍ မျက်ရည်များပင်ဝဲလာသည်။

Jessica - ဘာပြောမှာလဲ။ မြန်မြန်ပြော။
ငါ့မှာနင့်ကိုပြောစရာဘာမှမရှိဘူး။
Taeyeon ဆီကိုပြန်သွားရဦးမှာ။

Yul - မင်း ... မင်းအကောင်ကို
တော်တော်စိတ်ပူနေတယ်ပေါ့။
ငါကလည်း ဖြစ်နိုင်ရင် မင်းနဲ့ စကားမပြောဖို့မပြောနဲ့ မင်းရဲ့မျက်နှာကိုတောင်မမြင်ချင်ပါဘူး။

Jessica - အဲ့ဒိတော့ ...

Yul - ငါသိချင်တာတွေရှိသေးတယ်။
ဒါပေမယ့် ... အခုတော့ ငါသိပြီထင်တာပဲ။
မင်းလိုမိန်းကလေးက ဒီလိုပဲဖြစ်မယ်ဆိုတာထင်ပြီးသား။
ရှယ်ယာရှင်များအစည်းအဝေးမှာတုန်းက ငါ့နဲ့ပုံမှားရိုက်တယ်။
ငါ့ကိုမရမှန်းသိတော့ လူပြောင်းကပ်တယ်။
အခုတော့ Taeyeon ပေါ့။
ဘာလဲ။ မင်းက Attention လိုချင်တာလား။ ငွေလိုချင်တာလား။

Jessica - နင် ...

Yul - ငါပြောလို့မပြီးသေးဘူး။
ငါ မင်းလိုမိန်းကလေးမျိုးတွေကိုအရမ်းစိတ်ပျက်တာ။ ကိုယ့်ထက်သာတဲ့ယောကျာ်းလေးတစ်ယောက်ကိုတွေ့ရင် အပီလိုက်ကပ်ပြီးတော့ လူတွေရဲ့အာရုံစူးစိုက်မှုကိုခံချင်တာလေ။
ငါမင်းကိုပြောလိုက်မယ်။ အနေအထိုင်ဆင်ခြင်။
မင်းတို့ရဲ့ အချစ်ရေးကိစ္စကို စိတ်မဝင်စားပေမယ့် မင်း ရော Taeyeon ရောက အခုချိန်မှာ ဟိုတယ်နဲ့ပတ်သတ်နေလို့တွေဖြစ်နေလို့ သတိပေးတာ။
နှစ်ယောက်စလုံးအနေအထိုင်မဆင်ခြင်ရင် မင်းရဲ့ crown ကို အာမမခံဘူးနော်။
မင်းလို စာရိတ္တပျက်ပြားနေတဲ့သူတစ်ယောက်က ငါတို့ Hotel ရဲ့ Princess တစ်ယောက်မဖြစ်သင့်ဘူး။
အဲ့ဒိတော့ မင်းနေရာမင်းသိပြီး မင်းဘာသာဆင်ဆင်ခြင်ခြင်နေရင်ကောင်းမယ်။

Only You!Where stories live. Discover now