(Unicode)
Tiffany တစ်ယောက် Main Building ထဲကနေ private park ထဲကိုလှမ်းကြည့်လိုက်တယ်။
ဧည်သည်တွေ လည်းစုံနေပြီ။ Yul က ခုထိအောင်ရောက်မလာသေးဘူး။သူ့မရဲ့ မြင်ကွင်းထဲကို လူတစ်ယောက်ဝင်လာတဲ့ အခါ သူမရဲ့ စိတ်ထဲမှာ အမျိုးအမည်မသိတဲ့ ခံစားချက်ကြီးပေါ်လာပြန်တယ်။
Taeyeon က သူမရှိရာကို လှမ်းကြည့်နေတယ်။ သူမ က Tae ကို ပြန်ကြည့်လိုက်တဲ့ အခါ နှစ်ယောက်သား အကြည့်ချင်းစုံသွားတယ်။
Tae က သူ့လက်ထဲ က ဝိုင်ခွက်ကို မြှောက်ပြလိုက်ပြီး ပြုံးပြလိုက်တယ်။ Congratulation ဆိုတဲ့ အပြုံးနဲ့ပေါ့။သူမ Tae ကို ပြန်ပြုံးပြလိုက်ပေမယ့် စိတ်ထဲမှာတော့ တစ်မျိုးပဲ။ တကယ်ဆို သူ့ရဲ့ သူငယ်ချင်းလေးက congratulate လုပ်ပေးတဲ့ အတွက်သူမ ပျော် သင့်တာ။ ဒါပေမယ့် သူမ မပျော်ခဲ့ဘူး။
Private Park ထဲ က ဧည်သည်တွေ နဲ့ media တွေ က လှုပ်လှုပ်ရွရွ ဖြစ်နေပြီ။ အကြောင်းကတော့ မင်္ဂလာ အချိန်တောင်ကျော်သွားပေမယ့် သတို့သားက ခုထိရောက်မလာသေးတဲ့ အတွက်ပဲ ဖြစ်တယ်။
Mr Hwang တစ်ယောက် တော်တော် မျက်နှာပျက်နေပြီ။
Mr.Kwon နဲ့ Mrs.Kwon တို့လည်း မျက်နှာပူနေကြတယ်။Main Building ထဲမှာ လဲ
Fany တစ်ယောက် စိတ်ပူနေပြီ။
အဲ့ ချိန်မှာ သူမရဲ့ PA ရောက်လာပြီးMiss Lee- Director Hwang အပြင်မှာ ဧည်သည်တွေရော Media တွေကပါ ဖြေရှင်းချက်တောင်းနေကြပြီ။
Fany - ငါ အခုပဲ သွားလိုက်မယ်။
Miss Lee- ဒါပေမယ့် အခု Director Hwang ထွက်သွားရင် Media တွေက ပိုဆိုးလာလိမ့်မယ်
Fany - မတတ်နိုင်ဘူး။ SM ရဲ့ ဂုဏ်သိက္ခာ ကို ကာကွယ်ဖို့ သွားရမှာပဲ။
Private Park ထဲမှာလဲ
Soo- ထူးဆန်းတယ် မင်္ဂလာပွဲက ဘာလို့ ခုချိန်ထိမစသေးတာလဲ မသိဘူး။
Kwon Yuri သူ့ ဆုံးဖြတ်ချက်ကို နောင်တ တွေရပီး မလက်မထပ်ချင်တော့တာများလား ။Tae - မဖြစ်နိုင်ဘူး။ Kwon Yul က အမြဲတမ်းတိကျပြီးတော့ SM ရဲ့ ဂုဏ်ကိုအမြဲထိန်းသိမ်းတယ်။ သူ အကြောင်းပြချက်မရှိပဲ နောက်ကျတယ်ဆိုတာမဖြစ်နိုင်ဖူး။ တစ်ခုခု ဖြစ်နေပြီထင်တယ်။
![](https://img.wattpad.com/cover/109666328-288-k191429.jpg)
KAMU SEDANG MEMBACA
Only You!
Romansa(Unicode) " လောကကြီးမှာရှိတဲ့ အရာတွေအားလုံး ပြောင်းလဲသွားပါစေ ... နင့်အပေါ်မှာထားရှိတဲ့ ငါ့ရဲ့မေတ္တာတရားက ဘယ်တော့မှ ပြောင်းလဲသွားမှာမဟုတ်ဘူး ... ငါ့အတွက်တော့ နင်က အမြဲထာဝရ တစ်ဦးတည်းသော ..." (Zawgyi) " လောကကြီးမှာရှိတဲ့ အရာတွေအားလုံး ပြောင်...