Episode 8

663 65 3
                                    

(Unicode)

Seoul နဲ့ Haoli ကားလမ်းပေါ်မှာ အနက်ရောင် ကားလေးတစ်စီး Haoli ဘက်ကို အရှိန်နဲ့မောင်းနှင်နေတယ်။

Yul တစ်ယောက် Fany ပြောသွားတဲ့စကားတွေကို သေချာစဉ်းစားကြည့်တော့
လက်စွပ်ကိစ္စအတွက် Fany ကို အရမ်းအားနာသွားတယ်။ တကယ်ဆိုရင် သူအဲ့ဒိလက်စွပ်ကိုထုတ်မပေးခဲ့သင့်ဘူး။
ဒါကြောင့် Jessica ဆီက လက်စွပ်ကိုပြန်ယူဖို့ ညဘက်ကြီး ထွက်လာခဲ့ခြင်းဖြစ်သည်။

Haoli ကိုရောက်တော့ Jessica တို့ စားသောက်ဆိုင်လေး ကို အပြင်ကနေလှမ်းကြည့်လိုက်မိတယ်။
ဆိုင်ထဲမှာ Jessica ရယ် သူ့မောင်လေး ရယ် သူ့အမေလို့ထင်ရတဲ့အမျိုးသမီးတစ်ယောက်ရယ်ကို တွေ့လိုက်ရတယ်။

သူမ ရဲ့အမေက မနက်ဖြန်အတွက်ဟင်းချက်ဖို့ပြင်နေပုံရပါတယ်။ သူတို့မောင်နှမနှစ်ယောက်ကတော့ အသီးအရွက်တွေနဲ့တိုက်ပွဲဆင်နွဲနေကြတယ်။
Yuri ရပ်နေတဲ့ နေရာနဲ့ သူတို့ရှိနေတဲ့နေရာ က သိပ်မဝေးတော့ သူတို့ပြောတဲ့စကားတွေကို အတိုင်းသားကြားနေရတယ်။

Vic - yahh နှစ်ကောင်လုံးရပ် ။ ငါ့ရဲ့ အသီးအရွက် တွေနဲ့မကစားပါနဲ့လို့ ဘယ်နှခါပြောရမလဲ။

Vic Omma ရဲ့ အော်သံကြောင့် Jessica ရော wendy ပါနှစိကောင်လုံးရပ်သွားကြတယ်။

Vic - ဒီလိုမှပေါ့။

Jessica & Wendy - 😁😁

Vic -ဒါနဲ့ Sooyeon
ဟိုတစ်နေ့က SM Hotel ရဲ့ Princess ပြိုင်ပွဲကိုသွားတယ်မလား။ omma ကိုလိမ်ပီးတော့
Jessica - Vic Omma ရယ် သမီးဝါသနာပါတာ ကို
ပီးတော့ အဲ့ပွဲကနေ final 7 ယောက်ထဲပါသွားရင် သမီးတို့ Piano ဝယ်ဖို့ ပိုက်ဆံရမှာ။ 😁

Vic - ဒီကလေးကတော့ တကယ်ကို မနိုင်ဘူး။ သမီး ဝါသနာပါရင်တော့လုပ်ပါ ။ ဒါပေမယ့် omma က ပံပိုးမပေးနိုင်တာကိုပဲ စိတ်မကောင်းဖြစ်တာ

Jessica - ဒါဆို Vic omma ခွင့်ပြုတယ်ပေါ့။

Vic - သမီး ဝါသနာပါတာပဲ ။ Omma ခွင့်ပြုပါတယ်။

Jessica- ဒါမှ Vic Omma ကွ

ဆိုပီး Victoria ကို ဖက်လိုက်တယ်။

Vic - ဒါနဲ့ မနက်ဖန် ပြိုင်ပွဲရှိသေးတယ်မလား။ ဝတ်စုံအတွက်ကရော?

Only You!Where stories live. Discover now