Episode 34

923 87 52
                                    

(Unicode)

Haoli ~
Bus Gate

မနက်စောစော တောင်ကြည့်မြောက်ကြည့်နဲ့ ကားမျှော်နေတဲ့ကောင်မလေးတစ်ယောက်နဲ့ ပွစိပွစိရေရွတ်နေတဲ့ကောင်လေးတစ်ယောက်

Tae - ငါတို့အခု ဒီမှာဘာလုပ်နေကြတာလဲ။

Sica - ကားစောင့်နေတာလေ။ ဘာလုပ်ရမှာလဲ 😒😒

Tae - အဲ့တာကိုပြောတာပဲလေ၊ ငါ့မှာ ကားပါတာကို အဲ့ကားနဲ့သွားမယ်ဆိုတော့မဟုတ်ဘူး။
ဘာလို့ဒီမှာ ကားလာစောင့်နေရတာတုန်း

ပွစိပွစိနဲ့ရေရွတ်နေတဲ့ Tae ကိုကြည့်ပြီး Sica တစ်ယောက် နားငြီးလာပုံရတယ်။

Sica - Global World Star ကြီးရယ် ခနလောက်လေး တိတ်တိတ်လေးနေပေးလို့ရမလား။
ပြီးမှ နင့်ရဲ့ ကားမယူလာခိုင်းတဲ့ ငါ့ကို ကျေးဇူးတွေတင်ပြီး အကြိမ်တစ်ရာလောက်ထိုင်ရှိခိုးချင်စိတ်ပေါက်သွားမယ်။
ခုလောလောဆယ် တိတ်တိတ်နေ။ ဟုတ်ပြီလား။

Tae နဲ့ Sica တို့ vic omma ရဲ့ ဆိုင်အတွက် Haoli ရွာ နားက မြို့လေးတစ်ခုမှာ ဈေးဝယ်ထွက်လာကြတာပါ။
ပုံမှန်ဆို sica တစ်ယောက်တည်းသွားနေကျပေမယ့်
Tae တစ်ယောက် အားနေတာနဲ့ ခြင်းတွေကူကိုင်ပေးမယ်ဆိုပြီး ခြင်းကိုင်လိုက်လာတာပါ။
အခုလည်း သူ့ကားနဲ့သွားလို့ရရဲ့သားနဲ့ မသွားပဲ bus ကားလာစောင့်နေတဲ့ sica ကိူ နားမလည်နိုင်စွာပွစိပွစိရေရွတ်နေခြင်းသာ။
မကြာပါဘူး။
Sica တစ်ယောက်ဝမ်းသာအားရနဲ့

Sica - ကားလာပြီ။

Sica ပြတဲ့ ကားဆိုတဲ့ ဘီးလေးဘီးနဲ့ အရာကိုကြည့်လိုက်တဲ့ ခနမှာတော့ Global Star ကြီး Kim Taeyeon တစ်ယောက် မျက်လုံးတွေပါပြူးကုန်ရပါတယ်။
Seoul မှာ သူပုံမှန်တွေ့နေကျ bus car တောင်မဟုတ်ဘူး။
စစ်ကားကြီးလိုလို ထရပ်ကားကြီးလိုလို နောက်ပေါက်ကပဲစုပြုံတိုးတက်ရတဲ့ RTC ကားကြီး

Tae - ဟင် 😱😱
ဒါကြီး ... ဒါကြီးကိုစီးရမှာလား။

Sica - ဟုတ်တယ်လေ။ လာလာ အမြန်တက် ... လူသိပ်မများသေးဘူး။

Tae - ဟေ ... ဒါကြီးက လူမများသေးဘူး ဟုတ်လား 😳😳

ကား နောက်မြှီးမှာ တွဲလဲခိုတဲ့သူကခို ၊ ဘေးတံလျားခုံတွေမှာလည်း လူတွေကအပြည့်။
Haoli မှာက Seoul နဲ့ Haoli တိုက်ရိုက်သွားတဲ့ bus သုံးလေးစီးအပြင် ဒါမျိုးတွေပဲရှိတာဆိုတော့ စီးနေကျ Sica အတွက်တော့မထူးဆန်းပေမယ့် Global world star ကြီးခမျာမှာတော့ ...
ကားကလည်း စထွက်ကတည်းက ရွာစဉ်လူတွေတင်လာတာဆိုတော့ Haoli ရောက်တော့ ခုံတန်းတွေမှာအပြည့်ဖြစ်နေပြီလေ။

Only You!Where stories live. Discover now