Episode 41

1.8K 159 129
                                    

(Unicode)

သူမရဲ့ ခေါင်းထဲမှာ မြင်နေရတာတွေအားလုံးက ေ၀ဝါးနေပြီး ပုံရိပ်တွေကလည်း တစ်ခုပြီးတစ်ခု ...
မနည်းအားယူပြီး သူမ ဘေးပတ်ဝန်းကျင်ကို သတိထားကြည့်မိတော့ မှောင်မည်းနေတဲ့ အခန်းကြီးတစ်ခုရဲ့အလယ်မှာ ...
သူမနဲ့မလှမ်းမကမ်းမှာတော့ ပန်းရောင် Barbie ရုပ်လေးကို ပိုက်ပြီး ငိုနေတဲ့ ၇ နှစ် အရွယ်ကလေးလေးတစ်ယောက် ...
သူမ ဒီမြင်ကွင်းကို ရင်းရင်းနှီးနှီးကိုသိနေတယ်။
ဒါက လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က သူမကိုသူမ ပြန်မြင်ယောင်နေရသလိုပဲ။ ...

သူမ ထိုကောင်မလေးကို ရပ်ကြည့်နေတုန်းမှာပဲ သူမရဲ့ နောက်က တံခါးဆီကတံခါးခေါက်သံနဲ့အတူ ကောင်လေးတစ်ယောက်ရဲ့ အသံထွက်ပေါ်လာသည်။

"Pany ya... pany ya ... တံခါးဖွင့်ပါဦး
Tae Tae စောင့်နေတယ်လေ။ ...
Tae Tae နဲ့တူတူ Barbie ရုပ်တွေနဲ့ကစားမလား ...
Tae Tae ဆီမှာ ပန်းရောင်ဂျယ်လီလေးတွေရှိတယ်လေ ... "

ထိုအသံသေးသေးလေးထွက်လာတော့ ကုတင်ပေါ်ကကောင်မလေးကငိုနေရာက အနည်းငယ်မော့လာပြီး
တံခါးပေါက်လေးဘက်ကို ငဲ့စောင်းကြည့်လာသည်။
နှုတ်မှလည်းမပီမသဖြင့်...

"T..Tae.. Tae ... "

ထိုကောင်မလေးက တံခါးလည်းသွားမဖွင့်... အသံလည်းပြန်မပြု

တံခါးရဲ့ တစ်ခြားတစ်ဖက်ကကောင်လေးကတော့ လက်မလျော့ပဲ ထပ်အော်ပြန်သည်။

"Pany ya... pany မှာ Tae Tae ရှိသေးတယ်လေ ...
မငိုနဲ့နော် ... တံခါးကို အရင်ဖွင့်ပေးနော် ... Pany ... "

" Pany တစ်ယောက်တည်း မဟုတ်ပါဘူး ...
Pany ပျင်းတဲ့အချိန်ကျ Tae Tae က barbie ရုပ်တွေနဲ့တူတူဆော့ကျမယ် ...
Pany အပြင်ထွက်ချင်ရင် Tae Tae နဲ့တူတူသွားမယ်လေ။
Pany အိပ်ချင်တဲ့ အခါ Tae Tae ချော့သိပ်မှာပေါ့။
Pany နေမကောင်းရင် Tae Tae က ပြုစုပေးမယ်လေ။
Pany ဝမ်းနည်းတဲ့အခါ Tae Tae ဖက်ထားပေးမယ်နော်။
Pany မှာ Tae Tae တစ်ယောက်လုံးရ်ှိသေးတာပဲ ...
မငိုပါနဲ့နော် ... Pany ဆီကို Tae Tae လာလို့ရအောင် တံခါးလေးဖွင့်ပေးလေနော် ... "

တံခါးဝက ထိုကောင်လေးက သူမရဲ့ မိခင်လုပ်ပေးလေ့ရှိတဲ့အရာတွေကို တတွတ်တွတ်ရေရွတိရင်း သူအားလုံးလုပ်ပေးနိုင်ကြောင်းပြောနေသည်။

Only You!Where stories live. Discover now