So I Married An Anti-fan // 4

1.5K 180 18
                                    

" ဝှားး !! "

ရာသီဥတုကြည်ကြည်လင်လင်နှင့် သာယာချမ်းမြေ့ဖွယ်ကောင်းသော နေ့ရက်လေးတစ်ခုမှာ Wu Yifanအိပ်ရာမှ နိုးလာသည် ။ ဗိုက်ပေါ်အကျအနနေရာယူထားတဲ့ Dr. Oh၏ ခြေတံရှည်ရှည်တစ်ဖက်ကို အသာအယာလေး
ဘုန်းကနဲမြည်အောင်ပစ်ချလိုက်ပြီး
အိပ်ရာမှထထိုင်ကာ လက်တံရှည်ရှည်တို့ကို
ဆန့်တန်းအပျင်းဆန့်လိုက်သည် ။

" သာယာတဲ့မနက်ခင်းလေးပါလား !! "

Bedsideပေါ်က နာရီကိုလှမ်းရှိုးလိုက်တော့ နေ့လည် ၁၁နာရီအတိ ... Wu Yifan လန့်ဖြန့်သွားသည် ။ ဟဲ့ !! ဘယ်လိုတောင် အိပ်မိတာလား ?? နံဘေးက Oh Seကို ငဲ့ကြည့်မိတော့ ဆေးရုံcoatပင်မချွတ်နိုင် သေနေတာမှ ... ကန်တော့ကန်တော့ ... ပါးစပ်ဟောင်းလောင်းကြီးပွင့်လို့ ... ခြေကားယားလက်ကားယားနဲ့ နန်းဆန်လွန်းတယ် ... Oh Sehun၏ တင်ကိတ်ကိတ်အား တဘုတ်ဘုတ်ရိုက်လိုက်ရင်း ...

" ဟေ့ကောင် !! Oh Seထတော့ကွ !! နေမြင့်နေပြီ ထတော့ ... ထ ထ !! "

" အွင်းးးး !! "

Wu Yifan၏ စကားအားသိပ်နားထောင်ရှာသော Oh Sehun ... မှောက်ပင်မှောက်သွားကာ Wu Yifanခေါင်းအုံးကိုပင်ဆွဲယူလိုက်ပြီး ခေါင်းပေါ်ဖိကာ ပြန်အိပ်သွားလေတယ် ။
ရှိပါစေတော့လေ ... ဒင်းကို အချိန်အပုပ်ခံ နှိုးမနေတော့ဘဲ ကုတင်ပေါ်ကဆင်းကာ ကိုယ်လက်သန့်စင်ဖို့ Wu Yifanရေချိုးခန်းဆီပဲ
သွားလိုက်တော့တယ် ။

Ting Tong ** Ting Tong **

" ဘယ်သူတုန်းဟ စောစောစီးစီး ?? "

မျက်နှာသစ်တာလက်စသတ်လိုက်ပြီး ခေါင်းပေါ်
မျက်နှာသုတ်ပုဝါတင်ကာ တံခါးဝဆီလျှောက်သွားလိုက်တယ် ။

Ting Tong ** Ting Tong **

" bellလည်းပျက်သွားဦးမယ် "

အိပ်ရှေ့က လူကစိတ်မရှည်ဘူးထင့် ... bell
အားဆက်တိုက်နှိပ်နေလေတော့ Wu Yifan ကောတော့မယ်လေ ... ကောမယ်အကြံနဲ့
တံခါးလည်းအားရပါးရ ဆွဲဖွင့်လိုက်ရင်း ...

" ဘယ်လို့ဖြစ်လို့ bellကိုဆက်တိုက်နှိပ် ... အဲ ! !! "

မျက်စိရှေ့က ခပ်ချောချောလူကြောင့် Wu Yifan
စကားစရပ်သွားရင်း ငမ်း ... အဲ !! စူးစမ်းကြည့်မိတယ် ။

💒So I Married an Anti-fan💐 《discontinued》Where stories live. Discover now