အေးစိမ့်သောညအချိန်မို့ ခပ်ထိန်ထိန်လမ်းမီးတိုင်များအောက် လမ်းမကြီးထက်တွင် ဟိုသည်သွားလာနေကြသော
မော်တော်ယာဉ်များမှလွဲ၍ လမ်းသွားလမ်းလာတို့မရှိ ... ရာသီဥတုက စကားပြောလိုက်တိုင်း နှုတ်ခမ်းဖျားမှ အခိုးအငွေ့တို့ပင်ထွက်လာသည်ထိ အေးစက်နေလေသည် ။ပြေးတယ် ... ဆက်ပြေးတယ် ... ထပ်ပြေးတယ် ...
အေးစက်နေသောအချိန် ချွေးတို့ဖြင့်ရွဲနေသော
Wu Yifan ... လမ်းမထက်တွင် မရပ်မနားပြေးနေမိတယ် ။" ဟာ !! Wu Yifan hyung ... ချွေးတွေရွဲပြီး
ဘယ်လိုဖြစ်လာတာလဲ ?? "Wu Yifanအိမ်ရှေ့ရောက်ရောက်ချင်း အိမ်တံခါးဖွင့်လိုက်သည့် Oh Sehun ... လည်ပင်းလုံဆွယ်တာ ဘောင်းဘီရှည် မာဖလာ အနွေးကုတ်ထူထူ ... ဝတ်စုံအပြည့်နဲ့ အပြင်ထွက်မယ်ပြင်နေတဲ့ Sehunဟာ ချွေးတွေရွဲပြီးအရမ်းမောနေပုံရတဲ့ အကိုဖြစ်သူကို
မြင်တော့ မျက်လုံးလေးပြူးကာမေးလာတယ် ။" ဆောင်းတွင်းကြီးမိုးမိလာတာလား ဟုတ်လား ?? "
အပြင်ဘက်ကို ကြည့်ရင်းပြောလာပြန်တဲ့ Sehun ... အပေါက်ဝပိတ်ရပ်နေတဲ့ Wu Yifanကို တွန်းတိုက်ထွက်သွားရင်း ...
" Hyungအိမ်က ကြွက်အိမ်လားဟမ် !! စားစရာလေးတစ်စိတောင်မရှိဘူး ... ဗိုက်ဆာလို့phဆက်တော့လည်းမကိုင် ... "
ပွစိပွစိရေရွတ်ရင်း တည်ငြိမ်သူOh Sehunလေးဟာ ကုတ်အကျီထဲလက်နှစ်ဖက်နှိုက်လို့ ထွက်သွားလေတယ် ။ Wu Yifanကတော့ ညီဖြစ်သူစကားအား ပြန်မချေပနိုင် ...
ယောကျာ်းလေးတစ်ယောက်ကို ရင်ခုန်မိတဲ့ ကိုယ့်ကိုကိုယ်ကြောင့် စိတ်တွေယောက်ယက်ခတ်နေတုန်း ...
.
// So I Married An Anti-fan //
." ဒီမှာဟေ့လူ !! ဒီမှာဗျ ... ဒီမှာ ဒီမှာ ... "
လက်ထဲမုန့်ထုပ်လေးတစ်ဖက်နဲ့ Sehun ... လမ်းထိပ်Mini markထဲကအထွက် ကြားလိုက်ရတဲ့ ခေါ်သံသေးသေး ... ကိုယ့်နာမည်
မဟုတ်တာကြောင့် { Wu Yifanကလွဲ အကုန်ချေတဲ့ } Oh Seလေးမှာ လှည့်ပင်မကြည့် ... တခါတလေ Wu Yifanကြီးကိုတောင် ချေချင်ချေပလိုက်တာ" ဒီမှာလို့ အရပ်ရှည်ရှည်နဲ့လူကြီး !! "
အာကျယ်အာကျယ်အသံနဲ့အတူ Sehunလက်မောင်းရင်းကို လာဆွဲသည့်လက်လေးတစ်ဖက် ... မျက်မှောင်ကျုတ်ပြီးလှမ်းကြည့်လိုက်တော့ ကောင်လေးဆီက ဟီးခနဲအသံထွက်လာတယ် ။
YOU ARE READING
💒So I Married an Anti-fan💐 《discontinued》
RomanceKris Wu + Chan Yeol《Yaoi》 ✔Original Fanfic By Baekyeolliehyun04 ✔Release Date~November 23, 2017 ✔Complete Date~