So I Married An Anti-fan // 26

789 130 16
                                    

ဒီနေ့အတွက် shootingအပြီး ... ရေချိုး ညစာစားပြီးတော့ ညဆယ်နာရီကျော်ပြီ ။ ထုံးစံအတိုင်း နေ့တိုင်းမပြတ်ရောက်နေပြန်တဲ့ ခြိမ်းခြောက်စာကို အသာဖြန့်ကြည့်မိတယ် ။

" Yifan ah !! "

အနောက်ကနေရုတ်တရက် ထွက်လာတဲ့အသံကြောင့် Yifanလန့်သွားရတယ် ။ လက်ထဲက ' GO DIE 'ဆိုတဲ့ စာနှစ်လုံးထဲရေးထားတဲ့ သွေးတွေပေနေတဲ့ ခြိမ်းခြောက်စာကို ဘောင်းဘီအိတ်ထဲ အမြန်ထိုးထည့်လိုက်တယ် ။

" ဘာတွေလုပ်နေလို့ ဒီလောက်လန့်သွားရတာလဲ ?? "

အနားကိုလျှောက်လာတဲ့ Chanyeolက မျက်မှောင်ကျုတ်လျက်သား ... သူအားတင်းပြုံးပြလိုက်ရင်း

" မဟုတ်ပါဘူး Chanရဲ့ ... ရုတ်တရက်အသံကြားလိုက်တော့ လန့်သွားတာ ... "

" Chanချစ်တယ် အရမ်း "

ရုတ်တရက်ခပ်တင်းတင်းဖက်လာတဲ့ Yifanကြောင့် Chanyeolကခပ်ဖွဖွရယ်ရင်း ကျောလေးကို အသာပုတ်ပေးတယ် ။

" ရုတ်တရက်ကြီး ထူးထူးဆန်းဆန်းတွေ ပြောလို့ပါလား ?? "

သူChanyeolကို ဖက်ထားရာကခွာရင်း နှုတ်ခမ်းဆူလိုက်တယ် ။ စိတ်ဆိုးတယ်ပေါ့လေ :(

" မပြောဘူးဟာ နောက်တစ်ခါ ... "

Mwah **

Chanyeolက Yifanပါးဖောင်းဖောင်းကို အသံမြည်အောင်နမ်းလိုက်ရင်း နှုတ်ခမ်းဆူထော်ထော်ကို ချစ်စနိုးနဲ့ဆွဲလိုက်တယ် ။

" ဒါနဲ့ အိမ်ကိုဘာလာလုပ်တာ ... "

" ကိုယ့်ချစ်သူအိမ်ကိုယ်လာလို့ မရဘူးလား ဟမ် ?? ကဲ ... အဝတ်လဲ nightoutထွက်ရအောင် "

Chanyeolက သူလွယ်လာတဲ့ လွယ်အိတ်ကို ပစ်ပေးတယ် ။

" အထဲမှာအကျီ coupleလေ အဟမ်း ! "

Chanyeolက သူဝတ်ထားတဲ့ hoodieအမဲကို ဟိုခါသည်ခါလုပ်ရင်း ခပ်ပြုံးပြုံးနဲ့ ...

" ခဏစောင့်နော် ဒါဆို "

" Yah !! ဘယ်သွားမလို့လဲ ?? ဒီမှာဝတ်လေ ... "

အခန်းပြင်ရောက်သွားပြီဖြစ်တဲ့ Yifanက တံခါးဝမှာ ခေါင်းလေးပြူပြီးချောင်းကြည့်တယ် ။

" ရေချိုးခန်းထဲသွားမို့ ... ဒီမှာသာ အဝတ်လဲရင် မိုးလင်းသွားမှာစိုးလို့ "

💒So I Married an Anti-fan💐 《discontinued》Where stories live. Discover now