Ting Tong !! Ting Tong !!
ရေစက်လက်ဆံပင်တွေကို မျက်နှာသုတ်ပုဝါနဲ့ သုတ်နေရင်း တံခါးbellသံကြားတာကြောင့် bathrobeကြိုးကို တင်းတင်းဆွဲချည်လိုက်တယ် ။
တံခါးမှာကပ်ထားတဲ့ မှန်ဘီလူးသေးသေးလေးကနေ ချောင်းကြည့်လိုက်တော့ ဘယ်သူမှရှိမနေ ...
" ကလေးတွေ ဆော့သွားတာလား ?? "
Wu Yifanတံခါးဖွင့်ကြည့်လိုက်တယ် ။ အိမ်အဝင်ကြမ်းပြင်မှာကျနေတဲ့ စာရွက်ခေါက်လေး ... အသာကောက်ယူပြီး ဖွင့်ကြည့်လိုက်တယ် ။
GO DIE
အနီရောင်အစက်အပျောက်တွေ စွန်းထင်းနေတဲ့ စာရွက်သားတွေနဲ့ အနီရောင်စာလုံးလေးနှစ်လုံး ...
" သွားသေလိုက် ?? "
Wu Yifanခေါင်းတွေပူလာတယ် ။ သွေးတွေနဲ့ရေးထားတာလား ?? ခြိမ်းခြောက်စာ ??
စာရွက်ခေါက်လေးကိုကိုင်လျက်သား ဘေးဘယ်ညာဝေ့ကြည့်တော့ ပတ်ဝန်းကျင်က ပုံမှန်လိုပဲ ... လမ်းထဲပြေးဆော့နေတဲ့ ကလေးတွေရယ် ... ခွေးလေးနဲ့ လမ်းလျှောက်နေတဲ့ ကောင်မလေးတစ်ယောက်ရယ် ... ဈေးကပြန်လာတဲ့ အဒေါ်ကြီးတွေရယ်နဲ့ပုံမှန်အတိုင်း လှုပ်ရှားနေကြတယ် ။
အိမ်ရှေ့နားဆီက ကားဟွန်းသံခပ်ကျယ်ကျယ်ကြောင့် လှမ်းကြည့်လိုက်တော့ ... ရုပ်ရှင်သရုပ်ဆောင်တွေစီးနေကြ ကားအမဲကြီးရဲ့ မှန်ကိုချကာ လှမ်းပြုံးပြတဲ့ Chanyeol ...
မကြာပါဘူး အပြုံးတွေပျောက်သွားပြီး မျက်မှောင်ကြီးကျုတ်လာတယ် ။" Wu Yifan !! အိမ်ထဲဝင်စမ်းမြန်မြန် "
" Hmm !! "
" ဝင်လေ ... ဘာလုပ်နေတာလဲ မြန်မြန် "
Wu Yifanခမျာကြောင်တောင်တောင်နဲ့ အိမ်ထဲပြေးဝင်ရတော့တယ် ။
" Siwon Hyung !! ကျွန်တော်ဗိုက်အောင့်လာလို့ ... သန့်စင်ခန်းဝင်ဦးမယ် "
ကားတံခါးဖွင့်ပြီး ကားပေါ်ကဆင်းနေတဲ့ Chanyeolကြောင့် Siwonလည်း ကားစက်သတ်ပြီး ကားတံခါးဖွင့်လိုက်တော့ ...
" ဘယ်လဲ ?? "
" Hyungလည်း အိမ်ထဲမှာစောင့်မယ်လေ ... ရေလေးဘာလေးလည်း သောက်ချင်လို့ ... "
YOU ARE READING
💒So I Married an Anti-fan💐 《discontinued》
RomanceKris Wu + Chan Yeol《Yaoi》 ✔Original Fanfic By Baekyeolliehyun04 ✔Release Date~November 23, 2017 ✔Complete Date~