ပြန်ရောက်ရောက်ချင်း အခန်းထဲဝင် video callခေါ်လိုက်တဲ့အခါ ringtoneမြည်မြည်ချင်း phကိုင်လိုက်တဲ့ Wu Yifanကြောင့် Chanyeolမျက်နှာလေးပြုံးသွားတယ် ။ ချစ်ရသူက ညဥ့်နက်တဲ့ထိ ကိုယ့်phကိုမျှော်နေတာသိရတာ သိပ်ကြည်နူးဖို့ကောင်းသည်လေ ။
Screenမှာပေါ်လာတဲ့ Wu Yifanမျက်နှာလေးကို ကြည့်ပြီး Chanyeolသက်ပြင်းချမိတယ် ။ ဒီအသည်းယားစရာလေးနဲ့ ဘယ်တော့မှပြန်ဆုံရမယ်မသိ ... လွမ်းနေရတော့မှာ ...
" အိပ်နေတာလား အာလူးလေး ?? "
မွေ့ယာပေါ် တစောင်းလေးလှဲပြီး Phကိုင်လိုက်တဲ့ Wu Yifanကို သူမေးမိတယ် ။ အဲတော့ခေါင်းအသာခါပြလေရဲ့ ...
" သီချင်းကြည့်နေတာ Chan phကိုစောင့်ရင်းနဲ့ "
Wu Yifanကြည့်နေတယ်ဆိုတဲ့ သီချင်းတွေဟာ တလောကမှ You Tubeကနေ downထားတဲ့ Chanyeolရဲ့ funny, cute moments videoလေးတွေ ...
" အိပ်တော့လေကွာ ... "
Chanyeolအခန်းထောင့်က တိုင်ကပ်နာရီကိုလှမ်းကြည့်လိုက်တယ် ။
" နှစ်နာရီတောင်ခွဲနေပြီ အိပ်တော့လေ ... မနက်အလုပ်သွားရမှာမလား ?? ခေါင်းကိုက်နေဦးမယ် "
" အိပ်ပျော်နေရင် Chanyeol phခေါ်တာ ဘယ်သိတော့မလဲ ?? Ekk ... Chanyeolက ချစ်စရာလေး "
Screenပေါ်က Chanyeolမျက်နှာလုံးလုံးလေးကို ကြည့်ကာ Wu Yifanတစ်ယောက် အသည်းယားနေလေတယ် ။
YOU ARE READING
💒So I Married an Anti-fan💐 《discontinued》
RomanceKris Wu + Chan Yeol《Yaoi》 ✔Original Fanfic By Baekyeolliehyun04 ✔Release Date~November 23, 2017 ✔Complete Date~