So I Married An Anti-fan // 19

1.6K 162 28
                                    

" Mornee ကလေး !! "

မနက်စာချက်နေတဲ့ Wu Yifanခါးကိုဖက်ပြီး ပါးကိုဖွဖွနမ်းလိုက်တယ် ။ မနေ့ကpresscomကြောင့် အရမ်းပင်ပန်းနေတာမို့ စိတ်ဆိုးသွားတဲ့သူ့ကို လိုက်ချော့ချင်ပေမယ့် Chanyeolမချော့ဖြစ်လိုက် ... ခဏလေးမျက်လုံးမှိတ်မိတယ် တန်းအိပ်ပျော်သွားတာမို့ ရေပင်မချိုးရသေး ...

" ဖယ်ပေး ... ပန်းကန်ယူချင်လို့ !! "

ခပ်အေးအေးထွက်လာတဲ့ အသံနဲ့အတူ ဖက်ထားတဲ့လက်နှစ်ဖက် ဖြုတ်ချခံလိုက်ရတယ် ။ Yifanက ထမင်းကြော်ကို ပန်းကန်ထဲခပ်ထည့်နေတယ် ။ သူခုထိ Chanyeolကို လှည့်ကြည့်မလာသေး ...

" ကလေးအရမ်းစိတ်ဆိုးသွားတာလား ?? "

Chanyeolက ထပ်ဖက်လိုက်တယ် ။ လက်ကိုထပ်ပြီး ဖြုတ်ချနေပြန်တဲ့ Wu Yifan ...

" ဖယ် !! "

Chanyeolမရမကထပ်ဖက်လိုက်ပြီး ပုခုံးပေါ်မေးစေ့လေးတင်လိုက်တယ် ။

" တောင်းပန်ပါတယ် ။ ကိုယ်မနေ့ညက ပြောလိုက်မိတာ ကလေးစိတ်ထိခိုက်သွားမယ် မထင်မိဘူး ... တကယ်တောင်းပန်ပါတယ် "

Wu Yifanဆီက သက်ပြင်းချသံသဲ့သဲ့ထွက်လာတယ် ။ သူအရမ်းစိတ်ဆိုးချင်ပေမယ့် Chanyeolအပေါ် ထပ်ပြီးစိတ်မဆိုးရက်ဘူး ... သက်ပြင်းချမိတာကလည်း ဘာမဟုတ်တဲ့ စကားလေးကိုအထအနကောက်နေမိတဲ့ သူ့ကိုယ်သူစိတ်ပျက်မိလို့သာ ...

ဒါကို Chanyeolက တစ်မျိုးထင်သွားတယ်ထင်တယ် ။ ဖက်ထားတဲ့လက်တွေကို ဖြုတ်ချပြီး အပေါ်ထပ်တက်သွားတယ် ။

ထမင်းကြော်ပူပူလေးတွေထည့်ထားတဲ့ ပန်းကန်နှစ်ချပ်ကိုစားပွဲပေါ်တင်ပြီး နွားနို့ကြိုပြီးသည့်တိုင် အောက်ပြန်ဆင်းမလာတဲ့ Chanyeolကြောင့် Wu Yifanလှေကားဝမှာ ရစ်သီရစ်သီလုပ်နေလေတယ် ။

အချော့ခံချင်ပါတယ်ဆိုမှ ပြန်ချော့ရမယ့်ကိန်း ဆိုက်နေသေးတာ ...

" AHHH !!! "

အပေါ်ထပ်ဆီက ပျံ့လွင့်လာတဲ့ အော်သံကျယ်ကြီးကြောင့် သူထိတ်ထိတ်ပြာပြာနဲ့ လှေကားပေါ်ပြေးတက်မိတယ် ။ Chanyeolတစ်ခုခုများဖြစ်တာလားဆိုပြီး ရင်တွေလည်းပူလို့ ...

" Chanyeol ရေ !! "

အခန်းတံခါးကိုဆွဲဖွင့်လိုက်ပြီး ဝရုန်းသုန်းကားပြေးဝင်မိတော့ ကုတင်ပေါ် တင်ပျဉ်ခွေထိုင်နေတဲ့ Chanyeolဟာ သွားဖြူဖြူတွေအကုန်ပေါ်လုနီးပါး ရယ်ပြတယ် ။

💒So I Married an Anti-fan💐 《discontinued》Where stories live. Discover now