So I Married An Anti-fan // 17

1.7K 175 37
                                    

Byunအစားပုတ်က hotpotချက်စားရအောင် ဆိုပြီး ဖုန်းလှမ်းဆက်လာတာကြောင့် Chanyeolနဲ့ Wu Yifan supermarketမှာ ဈေးအရင်ဝယ်ပြီး Se hunတို့ဆီ ချီတက်လာရတယ် ။

ဧည့်ခန်းစားပွဲပေါ်မှာ လျှပ်စစ်ပေါင်းအိုးခပ်ကြီးကြီးတင်ုကြမ်းပြင်မှာထိုင်ချပြီး Wu Yifanက hotpotဟင်းရည်ချက်နေတယ် ။ ဘေးက Chanyeolကတော့ အသားတုတွေကို ကတ်ကြေးနဲ့ ခပ်သေးသေးအတုံးလေးတွေဖြစ်အောင် လှီးနေတယ် ။

Byun Baekhyunလေးကတော့ ဆိုဖာကိုကျောမှီ ထုံးစံအတိုင်းChanyeolပေါင်ပေါ် ခြေဆင်းပြီး Gameဆော့နေလေတယ် ။ တစ်ယောက်ထိုင်ဆိုဖာပေါ်က Sehunကတော့ Chanyeolဆီ အကြည့်စူးစူးတွေနဲ့ လေဆာတွေပစ်နေလေရဲ့ ။

" Baekhyunee အသားပြားကြော်လဲ စားချင်တယ် "

Chanyeolက ဟင်းရည်တစ်အိုးနဲ့ အလုပ်ရှုပ်နေတဲ့ Wu Yifanကို လှမ်းကြည့်တယ် ။ ခမျာသနားပါတယ် မနေ့ညကပဲ Bottomထိုင်ရပြီး ပင်ပန်းနေတာကို Baekhyun hotpotသောက်ချင်တယ်ဆိုလို့ လာချက်ပေးရတာ ... Chanyeolကိုယ်တိုင်ကလည်း ဟင်းချက်ဖို့ဝေး ကြက်ဥတောင်မပြုတ်တတ်တာဆိုတော့ ...

" ခုတာ့ Hotpotပဲသောက်လိုက်နော် ... နောက်မှဝယ်ကျွေးမယ်လေ "

" မရဘူး ခုစားချင်တာ ... sojuနဲ့မြည်းမလို့ ... Chanyeollieကြော်ပေး ... "

" ကိုယ်မှ မကြော်တတ်တာကွာ ... "

" Park Chanyeol !! "

ဆူအောင့်အောင့် Baekhyunအသံကြောင့် Chanyeolကလည်း မျက်နှာငယ်နဲ့ ... တစ်ဖက်ကလည်း ချစ်သူ ... တစ်ယောက်ကလည်း ငယ်ငယ်တည်းက ခင်လာတဲ့ ချစ်သူငယ်ချင်းအဆိုးလေးဆိုတော့ ...

" hotpotချက်ပြီးရင် ကျွန်တော်ကြော်ပေးမယ်လေ ... အဆင်ပြေတယ်မလား Baekhyun !! "

Wu Yifanဝင်ပြောတော့မှ ခေါင်းတငြိမ့်ငြိမ့်နဲ့ မျက်နှာပြန်ရွှင်လာတဲ့ Baekhyun ...

" Chanyeolမကောင်းဘူး ။ Wu Fanfanက အတော်ဆုံး !! "

လက်မလေးနှစ်ဖက်ထောင်ပြီးBaekhyunက Wu Yifanကို တော်ကြောင်းချီးကျူးတယ် ။
Phထဲ KoKoBop Mvကိုကြည့်ရင်း လက်တစ်ဖက်က Chanyeolဆံပင်ကိုဖွကာ Baekhyunတစ်ယောက်သဘောအကျကြီး ကျနေလေတယ် ။

" ထ !! ကျွန်တော်ကြော်ပေးမယ် "

သဝန်တိုတာလားတော့မသိ Oh Sehunဟာ Chanyeolဆံပင်ကိုဆော့နေတဲ့ Baekhyunလက်ကို ဆွဲပြီး မီးဖိုချောင်ထဲ ခေါ်သွားတယ် ။ Sehunတို့ မီးဖိုထဲရောက်သွားတာ မြင်တော့မှ Chanyeol, Wu Yifanပါးကို မွကနဲနမ်းလိုက်တယ် ။
ပြုံးပြုံးကြီးလှည့်ကြည့်လာတဲ့ Wu Yifan ...

💒So I Married an Anti-fan💐 《discontinued》Where stories live. Discover now