So I Married An Anti-fan // 14

1.6K 178 21
                                    

" ကျွန်တော့်အိမ်ကို ဟိုတလောကပဲ အငှားတင်ထားလိုက်ပြီ "

အိပ်ချင်မူးတူးဖြစ်နေတာတောင် ချေချင်နေတဲ့ Oh Sehunလေးဟာ ပွယောင်းယောင်းဆံပင်ကို တစ်ချက်သပ်တင်ရင်းဖြေတယ် ။ Sehunရဲ့အဖြေကြောင့် Byun Baekhyunလေးခမျာ မျက်နှာလေးငယ်လို့ ...

ဖြစ်ပုံကဒီလို ...

ပန်းမြိုင်လယ်နေတဲ့ Byun Baekhyunဟာ Park Chanyeolကို Night Outထွက်ဖို့ပူဆာလေတယ် ။ Chanyeolက သူ့ဝမ်းသွားနေတာစိတ်မချတော့ ငြင်းပါလေရော ... ' လုပ်ချင်လာတာ လုပ်ကိုလုပ်ရမယ် ' လို့ခံယူထားတဲ့ Byun Baekhyunတို့ဝသီအတိုင်း တစ်ယောက်တည်းသွားမယ် ဘာညာဖြစ်ရော ... အဲတော့စိတ်မချတဲ့ Park Chanyeolကပဲ ဓာတ်ဆားဘူးလေးဖျော်ပေးပြီး လိုက်ပို့ရတာပေါ့ ...

နာမည်ကြီးIdolတွေဆိုတော့ ဦးထုပ်ငိုက်ငိုက်ဆောင်းပြီး Maskကိုယ်စီနဲ့ ညကိုးနာရီမှာစပြီးလမ်းသလားကြတယ် ။ အပျော်လွန်ပြီး၁၂နာရီကျော်မှ အိမ်ပြန်လာတော့ အိမ်ရှေ့မှာလူတွေမနည်းမနော ... လမ်းလယ်တဲထိုးတဲ့သူကထိုး ... သီချင်းဆိုသူကဆို ဂိမ်းဆော့သူကဆော့နဲ့ ဆူညံပွက်လောရိုက်နေတာပဲ ။ ဒီကြားထဲ လမ်းမပေါ်အုပ်စုဖွဲ့ထိုင်ပြီး ဘာတွေပြောမှန်းမသိပြောနေတဲ့ ကောင်မလေးတွေကလည်းရှိသေး ...

သူတို့တရုတ်လိုပြောတာတွေလည်း နှစ်ယောက်လုံးနားမလည်ကြတော့ သစ်ပင်အကွယ်လေးမှာရပ်နေရတယ် ။ အဲ့အချိန်မှာပဲ အိမ်တံခါးbellကိုနှိပ်ရင်း ' Chanbaek is real ' လို့အာပြဲကြီးနဲ့အော်လိုက်တဲ့ ကောင်မလေးတစ်ယောက်ကြောင့် အခြေအနေမှန်ကိုသဘောပေါက်ပြီး Wu Yifanအိမ်လစ်လာရတော့တယ် ။

" Baekhyuneeရောက်နေတာ သူတို့တွေဘယ်လိုသိသွားပါလိမ့် ?? "

ခပ်တိုးတိုးရေရွတ်ရင်းသက်ပြင်းချလိုက်လေသူ Chanyeol ...

Ring **

တိတ်ဆိတ်နေတဲ့အချိန် phမြည်သံကြောင့် Caller Idကိုကြည့်ပြီး Baekhyunမျက်လုံးမှေးလေးတွေ ပြူးလာတယ် ။

" Chanyeollieရေ !! Kim Youngminဟ ... "

" ဘယ်လိုလုပ်မလဲ ?? "

အလန့်တကြားပြန်မေးတဲ့ Chanyeol ...

" ahh !! မသိတော့ဘူး !! ကိုင်ရမလား ?? မကိုင်ရဘူးလား ?? Ekk !! လုပ်ကြပါဦး ... "

💒So I Married an Anti-fan💐 《discontinued》Where stories live. Discover now