So I Married An Anti-fan // 11

1.6K 184 16
                                    

ဒီနေ့ Indoor Shootingမို့ Outdoorလောက် မပင်ပန်း ... 

Magazine's Coverအတွက် photoရိုက်ပေးနေတဲ့ Chanyeol ...
Cameraမီးရောင် တလက်လက်အောက်မှာ ခန့်ငြားမှုအပြည့်နဲ့ တောက်ပနေတဲ့ Park Idolလေးကို Wu Yifanငေးနေမိတယ် ။ Chanyeolရဲ့ ဆွဲဆောင်အောက်မှာ ပါးစပ်လေးဟကာ ငေးမောနေမိတဲ့
Wu Yifan ...

" အ !!  ပူတယ် "

" မတော်လို့နော် ... အဟင်း "

တမင်တကာဝင်တိုက်ပြီး မှောက်ချတာလားမသိပေမယ့် တောင်းပန်နေတဲ့ Staffမမရဲ့ မျက်နှာပေးကတော့ မချိုမချဉ် ...

" အင်းပါ ... ရပါတယ် "

ဘယ်တတ်နိုင်ပါ့မလဲလေ ။ သူကမတော်လို့ပါ ပြောနေတာ ပြဿနာသွားရှာလို့မှမရတာ ...

Chanyeolမျက်လုံးထဲ လှနေစေချင် ... အာ !! မဟုတ်ဘူး ... ခန့်ငြားနေအောင်ရွေးဝတ်လာတဲ့ shirtအဖြူလက်ရှည်လေးကတော့ coffeeညိုညိုတွေ ပေပွလို့ ... styleတော့ ပဲ့ပါပြီ အဟင့် :(

Rest Roomထဲ Basinကရေတွေနဲ့ အကျီဖြူလေးကို တိုက်နေမိတယ် ။ အညိုရောင်ဖျော့ဖျော့အစွန်းရာတွေ ကျန်နေသေးတဲ့ အကျီကိုကြည့်ပြီး စိတ်ထဲမကောင်း ... အသစ်ကလေးထုတ်ဝတ်လာတာကို ...

" ဟဲ့ !! အဲ့သတင်းထောက်က Chanyeolလေးကို လိုက်ကပ်နေတာဆို ဟုတ်လား ?? "

" မသိပါဘူး ... fanတွေပြောတာကြားတာပဲ အမြဲတတွဲတွဲတွေ့နေရတယ်ဆိုလား ?? "

" ရုပ်လေးသနားကမားနဲ့ဟယ် မတန်မရာကမှန်းသေး "

Rest Roomရှေ့ဖြတ်သွားတဲ့ staffကောင်မလေးနှစ်ယောက်ကြောင့် Rest Roomအကွယ်ထဲ ပြေးဝင်မိတဲ့ Wu Yifan ... သက်ပြင်းယဲ့ယဲ့ချမိတယ် ။

ဘာမှလည်း မလုပ်ပဲနဲ့ ... ဘာလို့ လူတိုင်းက မုန်းနေရတာလဲ ??

Wu Yifanစိတ်ထဲမကောင်းတော့ ... ဝမ်းနည်းလာတယ် ။

" Chanyeol oppaနဲ့ Shan Shan jieနဲ့ လိုက်တယ်လို့ထင်လား ?? "

" တိတ်စမ်း !! ထပ်ပြောကြည့် အာဖဲ့မှာ ... "

" ကောင်မ ငါကစတာလေးကို :( "

" ပြောမယ့်သာပြောတာပါ ... Chanyeol Oppaက ငါတို့လိုသာမန်တွေကို ဘယ်ကြိုက်ပါ့မလဲ ?? မင်းသမီးချောချောလေးတွေ ဝိုင်းဝိုင်းလည်နေတဲ့ဟာ "

💒So I Married an Anti-fan💐 《discontinued》Where stories live. Discover now