" ကလေး !! "
မှိုင်မှိုင်တွေတွေဖြစ်နေတဲ့ Yifanဘေးကို Chanyeolအသာဝင်ထိုင်လိုက်ပြီး ခပ်တိုးတိုးခေါ်လိုက်မိတယ် ။ လှည့်ကြည့်လာတဲ့ Yifanမျက်နှာလေးက ခပ်နွမ်နွမ်း ...
" နေမကောင်းဘူးလား ?? ဟင် !! မျက်နှာလေးနွမ်းနေတယ် "
Chanyeolက Yifanနားကပ်လိုက်ရင်း လက်ဖဝါးလေးနဲ့ နဖူးကိုစမ်းမယ်ပြင်လိုက်တော့ Yifanမျက်နှာကို နောက်ဆုတ်လိုက်မိတယ် ။ Chanyeolကတော့ မျက်နှာကွက်ခနဲ ပျက်သွားလေရဲ့ ...
" Yifan Ah !! "
" အနေအထိုင် ဆင်ခြင်လေ Chan !! ရိုက်ကူးရေးအဖွဲ့တွေရှိတယ် "
" ...... "
" သန့်စင်ခန်းခဏသွားလိုက်ဦးမယ် "
ရုတ်တရက်ကြီးပြောင်းလဲသွားတဲ့ အခြေအနေတွေကို နားမလည်နိုင်ပုံဖြစ်နေတဲ့ Chanyeolဘေးကနေ Yifanထထွက်လာလိုက်တယ် ။
Beijingရဲ့ အထင်ကရနေရာတစ်ခုဖြစ်တဲ့ Happy Valley (Amusement Park) ... သည်နေရာကတော့ Chanyeolနဲ့Yifanရဲ့ " A Round Trip To Beijing " Tourအစီအစဉ်မှာ တစ်စိတ်တစ်ပိုင်းအနေနဲ့ပါဝင်လေတယ် ။ ရိုက်ကူးရေးစတဲ့ အချိန်မှာတော့ မနက်ကိုးချက်ထိုးနေပြီ ။
ပထမဆုံးအနေနဲ့ Theme Parkထဲမှာ Chanyeolက ဓာတ်ပုံရိုက်တယ် ။ ပုံတွေကတော့အများကြီးပေမယ့် ပုံတိုင်းက လက်နှစ်ချောင်းထောင်ထားတဲ့ poseချည်းပဲမို့ Yifanမှာပြုံးမိသေးတယ် ။
နောက်တော့ Happy Valleyရဲ့ အထင်ကရကစားနည်းထဲပါတဲ့ " Crystal Wings " လို့အမည်ရတဲ့ Roller Coasterကြီးကို စီးကြတယ် ။
" Yifan Ah !! ကြောက်ရင်ကိုယ့်လက်ကို ကိုင်ထားနော် "
Roller Coasterအပေါ်ကို စစတက်ချင်း ခပ်တိုးတိုးပြောလာတဲ့ Chanyeolစကား ... Yifanခေါင်းအသာပဲ ညိတ်ပြလိုက်တယ် ။
YOU ARE READING
💒So I Married an Anti-fan💐 《discontinued》
RomanceKris Wu + Chan Yeol《Yaoi》 ✔Original Fanfic By Baekyeolliehyun04 ✔Release Date~November 23, 2017 ✔Complete Date~