So I Married An Anti-fan // 3

1.5K 171 12
                                    

ပါးပြင်ကိုရိုက်ခတ်လာသော Park Chanyeol၏ ဝင်လေထွက်လေနွေးနွေးကြောင့်
Wu Yifanလက်သီးတင်းတင်းဆုပ်ထားမိသည် ။ ပထမဆုံးအနမ်းမို့ ရင်တုန်ပန်းတုန်ဖြစ်နေချိန် …

" အ !! "

လည်ပင်းစွတ်ထားသည့် cameraကြိုးကို စွပ်ခနဲဆွဲချွတ်လိုက်သည့် Park Chanyeolကြောင့် အနမ်းရဖို့နေနေသာသာ နောက်စေ့လေးပင်နံရံနှင့် ဂွပ်ကနဲမိတ်ဆက်သွားရသည် ။

" အာလူးကောင် !! ငါမင်းကိုတကယ် နမ်းမယ်များထင်နေလား ?? hk !! "

" ငါ့အနမ်းလိုချင် ဆုတောင်းလေ !! "

Cameraကိုင်ထားရင်းက မထီမဲ့မြင်လှမ်းကြည့်ကာ ခနဲ့သလိုပြောလာသည့် Park Chanyeolက
သိပ်သောက်မြင်ကတ်စရာကောင်းသည် ။ Wu Yifanခမျာ ရှက်ကလည်းရှက်နှင့် ဘာလိုလိုညာလိုလိုလုပ်ပြီး ပိတ်ရိုက်ချင်စိတ်တွေတဖွားဖွား … Grr !! လှိုက်တက်လာသောဒေါသလုံးလေးအား ပြန်မြိုချကာ …

" Cameraပြန်ပေးပါ … "

Koreaလိုပြောကာ Wu Yifanလေး အနှီPark
Chanyeolရှေ့ လက်ကလေးနှစ်ဖက်ဖြန့်လိုက်တော့ ဒင်းကဗြန်းကနဲရိုက်ချလိုက်ရင်း …

" Sorryပဲ !! ပြီးတော့ မင်းကိုငါသိပ်ကျေနပ်သေးတာမဟုတ်ဘူး … ဘာတဲ့ ?? အကျင့်ပျက်Park Chanyeolဟုတ်စ … "

Wu yifanမျက်နှာလေးငယ်သွားရင်း …

" ငါရေးချင်လို့ရေးတာမဟုတ်ပါဘူး … အယ်ဒီတာချုပ်က ရေးဆိုတာနဲ့ … တောင်းဆိုပါတယ် … ဒီတစ်ကြိမ်လေးပဲ လွှတ်ပေးပါ ဟင် ?? "

လက်ညှိုးလေးတစ်ချောင်းထောင်ကာ နှုတ်ခမ်းလေးဆူလျက်တောင်းဆိုနေရှာသော
Wu Yifanမှာ တခြားသူတွေအမြင်မှာ ချစ်စရာကောင်းချင်ကောင်းလိမ့်မည် ဖြစ်သော်ငြား သနားကြင်နာစိတ်မရှိရှာသည့်
Park Chanyeolအတွက်ကတော့ …

" ကောင်းပြီလေ !! သနားသောအားဖြင့် လွှတ်ပေးလိုက်မယ် !! ဒါပေမယ့်မင်းCamera အစုတ်ကိုတော့ … "

ခွမ်း **

ကြမ်းပြင်ပေါ်ပစ်ပေါက်လိုက်သည်ကြောင့်
သနားစရာcameraအစုတ်လေးခမျာ ခွမ်းကနဲ … ကွဲကြေကုန်သော Cameraအပိုင်းအစလေးများမှာ သခင်Wu Yifanအား လာကယ်လှည့်ပါဟု တောင်းပန်နေသယောင် …

💒So I Married an Anti-fan💐 《discontinued》Where stories live. Discover now