" hump !! "
ပွယောင်းနေသောဆံပင် ပါးမှာလည်းလက်သည်းရာ အနီစင်းအချို့နှင့် မျက်နှာချင်းဆိုင်setteပေါ်က မျက်နှာငယ်လေးနဲ့ Sehunကိုကြည့်ကာ Baekhyunဟွန့်ကနဲ မျက်နှာလွှဲပစ်လိုက်တယ် ။
" Baekhyunee !! Drကို ပြန်တောင်းပန်လိုက်လေ "
အနားလာပြီးပြောသော Chanyeolကို ပေစောင်းစောင်းတစ်ချက်ကြည့်ကာ ... ခြေထောက်နှစ်ဖက်ကို ဆိုဖာပေါ် တင်ပျဉ်ခွေတင် ဟန်ပါပါလက်ပိုက်ရင်း ...
" ငါကဘာလို့လဲ ?? "
" ဟာ !!! Baekhyunee ဖက်က စမှားတာလေ ... တောင်းပန်လိုက် "
" Park Chanyeolနော် !! ငါ့ကို မျက်မှောင်လာကျုတ်ကြည့်မနေနဲ့ ... မင်းပါ အကုတ်ခံချင်လို့လား ?? "
Park Chanyeolဆိုတာကလည်း Byun Baekhyunရဲ့ အကြည့်စူးစူးလည်းရရော အိကနဲတိတ်သွားရှာတယ် ။ သူလည်း ဒီပုတုတုဒဏ် ဘယ်လောက်ခံထားရလဲမသိ ...
" Ah !! စပ်တယ် Wu Yifan Hyungရဲ့ ... ဖြေးဖြေးလုပ်ဗျ ... "
" အေးပါ :( "
Baekhyunကိုမနိုင်တော့ Oh Sehunခမျာလည်း သူ့ကိုဆေးလိမ်းပေးနေတဲ့ ငယ်နိုင်Wu Yifanကိုပဲ မဲရတာပေါ့ ...
" Yah !! GPS "
Baekhyunအသံကြောင့် မျက်ခုံးပင့်ပြီး ပြောလေဆိုတဲ့ ရုပ်နဲ့Sehun ... အကုတ်ခံထားရတာတောင် အချေရုပ်ဖမ်းနေသေးတာ ...
" ဟိုနေ့ညက မင်းလမ်းအညွှန်ကောင်းလို့ ငါအစားခံရတော့မလို့ သိလား ဟမ် !! "
" အဲဒီတော့ ... "
နားထောင်ချင်သလို မထောင်ချင်သလို ပုံစံနဲ့ Sehunရွဲ့တယ် ။
" မင်းပြောတဲ့ လမ်းအတိုင်းသွားတာ ငါနောက်ဖေးလမ်းကြားထဲရောက်ပြီး ဓားပြတိုက်ခံရတော့မလို့ကွ "
" Wu Yifan Hyung !! ဒီနားကျန်သေးတယ် "
သူပြောတာကို အဖက်ပင်မလုပ် မျက်ခုံးနားက ကုတ်ရာကိုထိုးပြကာ ဆေးလိမ်းခိုင်းနေသော Sehunကြောင့် Baekhyunသက်ပြင်းတစ်ချက်ချလိုက်ရင်း ...
" ငါ့မှာ ငါ့babyလေးတွေထည့်ထားတဲ့ Luggageထားခဲ့ပြီး ထွက်ပြေးလာရတယ်ကွ ... "
Byun Baekhyunရဲ့ Babyလေးတွေဆိုသည်မှာ အပေါ်အောက်ဝမ်းဆက်ဝယ်ထားရသော ညအိပ်ဝတ် Limited Editionများ ... { စွပ်ကျယ်နှင့် အတွင်းခံလေးများအား ဆိုလိုသည် ။ }
YOU ARE READING
💒So I Married an Anti-fan💐 《discontinued》
RomanceKris Wu + Chan Yeol《Yaoi》 ✔Original Fanfic By Baekyeolliehyun04 ✔Release Date~November 23, 2017 ✔Complete Date~