So I Married An Anti-fan // 9

1.5K 178 6
                                    

လက်ထဲဟင်းရွက်ထုပ်လေးဆွဲပြီး Wu Yifan,
Chanyeolအိမ်ရှေ့ဆီ ရောက်လာတယ် ။

ဘယ်လက်မှာပတ်ထားတဲ့ နာရီကိုကြည့်လိုက်တော့ မနက်ခုနှစ်နာရီစွန်းစွန်းလေး ... ပုံမှန်ဆို Wu Yifanက မနက်ကိုးနာရီတောင် alarm 1minခြား တစ်ခါပေးပြီး မနည်းထရတဲ့လူစား ...

ဒီနေ့မှ ထူးထူးခြားခြားအစောကြီး နိုးနေတာ ...
ညက ကောင်းကောင်းအိပ်မပျော်တာလဲ ပါတာပေါ့ ... အဲ !! ညကဆိုမှ Chanyeolနဲ့
Roဆန်ဆန် သန့်စင်ခန်းထဲက အနမ်းလေးကို မြင်ယောင်လာတော့ ရင်ခုန်လာပြန်တယ် ။ ကိုယ့်နှုတ်ခမ်းကို အသာလေးထိကြည့်တော့ သိမ့်ကနဲခံစားချက် ... အီး !! ကြည်နူးလိုက်တာ ...

ဒါနဲ့ Park Chanyeolလေး မနိုးလောက်သေးဘူးထင်တယ် ... ညကအများကြီးသောက်ထားတော့ ခေါင်းတွေလည်းနောက်နေမှာ ... ဒါကြောင့် Wu Yifanလေး အမူးပြေဟင်းရည်ချက်ပေးမယ် ။
ဒါမှသူနိုးလာရင် တစ်ခါတည်းသောက်လို့ရမှာ ...
Siwon Hyungကတော့ ချိုင့်လေးနဲ့ထည့်သွားပေါ့ ...

ကြည်ကြည်နူးနူးအတွေးလေးတွေနဲ့ Wu Yifan,
မနေ့ညက ငမူးလေးကပေါက်တိကပေါက်ချာ ပြောထားတဲ့ အိမ်Passwordကို နှိပ်လိုက်တယ် ။
တံခါးပွင့်သွားချိန် တွေ့လိုက်ရတဲ့ မြင်ကွင်းက
ဘယ်လိုဖြစ်လို့ ??

ဘုတ် !!

လက်ထဲကဟင်းရွက်ထုပ်လေး ကြမ်းပြင်ပေါ် ပြုတ်ကျသွားရတယ် ။ အခုမြင်ကွင်းကဘာလဲ ??
Chanyeolပေါင်ပေါ်မှာ တက်ထိုင်နေတဲ့ ကောင်လေးတစ်ယောက် ... Chanyeolက အဲ့ကောင်လေးရဲ့ ပါးကိုနမ်းနေသလို ကောင်လေးကလည်း ကြည်ကြည်နူးနူးရယ်လို့ ...

ကြောင်အပြီး ငေးနေမိတုန်း လှမ်းကြည့်လာတဲ့
Chanyeolတို့ကြောင့်

" အာ !!! အမူး ... ပြေသွားပြီလား လာကြည့်တာ ... သွားတော့မယ် "

ဆို့နင့်လာတဲ့ ခံစားချက်ကြောင့် Wu Yifanပြေးထွက်လာမိတယ် ။ Chanyeolတို့
ဘယ်လိုထင်သွားမလဲလည်း မသိချင်တော့ ...
ပြေးထွက်လာပြီး အတော်ဝေးဝေးရောက်မှ လမ်းလယ်ခေါင်မှာ ခြေပစ်လက်ပစ်ထိုင်ချပစ်လိုက်တယ် ။

Chanyeolနဲ့ ပတ်သတ်ပြီးတစ်မျိုးကြီး ခံစားနေရတဲ့ ကိုယ့်ကိုကိုယ်လည်း နားမလည်တော့ ... သူနဲ့နီးနေရင် ရင်ခုန်လာတာတွေ ... သူ့ကိုအချိန်တိုင်း ငေးကြည့်ချင်တာတွေ ... မနေ့ကလည်း Yuan Shan Shan Geနဲ့ Chanyeolပြုံးပျော်နေတာကို မကျေမနပ်ဖြစ်တယ် ။ မနေ့ညကလည်း Chanyeolအိပ်ပျော်နေတုန်း သူ့နှုတ်ခမ်းတွေကို အရမ်းနမ်းပစ်ချင်တယ် ။

💒So I Married an Anti-fan💐 《discontinued》Where stories live. Discover now