So I Married An Anti-fan // 18

1.7K 178 64
                                    

ဒီနေ့ " So I Married An Anti-fan " ဇာတ်ကားရဲ့ presscomရှိတာမို့ မနက်ခြောက်နာရီလောက်တည်းက Beijingကနေ Shenzenကိုသွားရတယ် ။

Chanyeolက သူကားမောင်းရတာပင်ပန်းမှာစိုးလို့ဆိုပြီး Driverငှားပေးထားတော့ Wu Yifanတစ်ယောက် ကြည်နူးနေလေတယ် ။
ကားထဲမှာ သူနဲ့Chanyeolအပြင် Driverရယ် Makeup artistနဲ့ Stylistပါပါလာတော့ အရိပ်အခြေကြည့်နေရတော့ Wu Yifanစူပုတ်ချင်လာတယ် ။

Tongကနဲအသံကြောင့် အကျီအိတ်ထဲကphထုတ်ကြည့်လိုက်တော့ ' စောင်Idolလေး ♡♡ ' ဆိုတဲ့ ချစ်စရာcontact nameနဲ့ Chanyeol ...

' အာလူးလေး !! '

ပို့ထားတဲ့ စာလေးကြောင့် ပြုံးချင်သလိုဖြစ်သွားပြီးမှ ရုပ်တည်လိုက်တဲ့ Wu Yifan ... မချွဲရလို့ စိတ်ဆိုးကြောင်းပြရမယ်လေ အဟမ်း !!

' ပျင်းနေပြီလား အကြာကြီးကားစီးရတော့ '

Replyမလာတော့ Chanyeolကထပ်ပို့တယ် ။ စာဖတ်ပြီး တစ်ဖက်ထိုင်ခုံက Chanyeolကိုကြည့်လိုက်တော့ မေးငေါ့ပြတယ် ။
သူခပ်တည်တည်နဲ့ အကြည့်လွှဲလိုက်ပြီး ကားမှန်ကနေအပြင်ကို ငေးနေလိုက်တယ် ။

' စိတ်ကောက်နေတာလား ?? ကိုယ်ဘာလုပ်မိလို့လဲဟင် '

ထပ်ရောက်လာတဲ့ message ... စိတ်ကောက်ရအောင်ငါက မိန်းမကြီးလား :(

တကယ်တော့ Wu Yifanလေး စိတ်ကောက်ချင်နေတာပါ ။ ချစ်တယ်အဖြေရပြီးတော့ Chanyeolကတစ်ခုခုဆိုတာနဲ့ သူကကောက်ချင်နေပြီ ။ ခုလည်းအတူတူမထိုင်ရလို့ ဘူချင်နေတာ ... အတူထိုင်လို့မဖြစ်မှန်းသိနေပေမယ့်လည်း ကောက်ချင်တာက ကောက်ချင်တာပဲလေ ။

' အိပ်ရေးမဝလို့ ကလေးကစိတ်မကြည်တာထင်တယ် ။ တရေးလောက်အိပ်လိုက်လေနော် ... ရောက်ရင်နှိုးမယ် ... ချစ်တယ် ♡♡ '

ခြွေချနေတာ Park Chanyeolတို့ :(
Wu Yifanမထိန်းနိုင်စွာ ပြုံးစိစိဖြစ်သွားပေမယ့်လည်း Chanyeolဘက်ကို လုံးဝလှည့်မကြည့် ...

မသိဘူး ။ စိတ်ဆိုးချင်နေတယ် ။

" Krisyeol !! Krisyeol !! Krisyeol !! "

ကားပေါ်ကဆင်းဆင်းချင်း fanတွေရဲ့ သောင်းသောင်းဖြဖြအော်သံကြောင့် Chanyeolအူတူတူဖြစ်သွားတယ် ။ နောက်ကဆင်းလာတဲ့ Wu Yifanဆိုလည်း မျက်လုံးကြီးပြူးလို့ ...

💒So I Married an Anti-fan💐 《discontinued》Where stories live. Discover now