So I Married An Anti-fan // 15

1.8K 186 53
                                    

" ဝှား !!! "

အိပ်မှုံစုံမွှားနဲ့ ငုတ်တုတ်ထထိုင်လိုက်ပြီး လက်နှစ်ဖက်ဆန့်ကာ အပျင်းဆန့်လိုက်တဲ့ Baekhyun ... အောက်ပြုတ်ကျနေတဲ့ စောင်ကို
ဆိုဖာပေါ်အထွေးလိုက်ပစ်တင်လိုက်ပြီး ခေါင်းကုတ်ဖင်ကုတ်နဲ့ အိမ်နောက်ဖေးရောက်လာတယ် ။ ထမင်းစားပွဲမှာထိုင် ကော်ဖီသောက်နေတဲ့ Sehunကို သွားဖြီးပြလိုက်ပြီး လက်တစ်ဖက်ထောင်ကာ ...

" morneeနော် !! "

နှုတ်ဆက်ပြီးရေချိုးခန်းထဲ ဝင်သွားလေတယ် ။ သွားတိုက်တံမရှိလို့ လက်ညှိုးပေါ်သွားတိုက်ဆေး တင်ပြီးတိုက်လာရတဲ့ Byun Baekhyunလေး ...

" ဗိုက်ဆာတယ် !! "

တဂွီဂွီမြည်ချင်လာတဲ့ ဗိုက်လေးကို အသာပွတ်လိုက်ပြီး sehunဘေးခပ်တည်တည်နဲ့ သွားထိုင်လိုက်တယ် ။

" Sehunnie !! "

ခါတိုင်းလေသံနဲ့မတူ ခပ်ချွဲချွဲအသံလေးကြောင့် Sehunမျက်လုံးပြူးကြည့်တယ် ။ GPSကောင်မဟုတ်ပဲ Sehunnieဆိုပါလား ??
နှုတ်ခမ်းသေးသေးကိုတောင် ရွရွလေးဆူထားသေး ... တတ်လည်းတတ်နိုင်ပါပေ့ Byun Baekhyun ...

" ဗိုက်ကဆာတယ်တဲ့ !! "

" ရေခဲသေတ္တာထဲမှာ ချက်စရာရှိတယ် ... အဆင်ပြေသလိုလုပ်စား ... "

တစ်ခါတည်းမဲ့ရွဲ့သွားတဲ့ Baekhyun ... Sehunကတော့စားပွဲပေါ်တင်ထားတဲ့ သဘက်ကိုပုခုံးပေါ်ကောက်တင်ကာ ရေချိုးခန်းထဲဝင်သွားလေတယ် ။

" အေးပါ ... ငါ့ဟာငါပဲချက်စားပါ့မယ် !! "

" ကြက်ဥပဲကြော်စားတော့မယ် !! "

ရေခဲသေတ္တာထဲက ကြက်ဥကတ်ကိုထုတ် ... ဒယ်အိုးကိုယူ ဆီနဲနဲထည့်ပြီး မီးဖွင့်လိုက်တယ် ။

" အလဲ့ !! တယ်တော်တဲ့ Byun Baekhyunလေးပါလား  "

" ဒါနဲ့ဆီဆူလာရင် မဆလာထည့်ရမှာလား ဆနွင်းထည့်ရမှာလား ?? DOထည့်တာ မဆလာထင်တယ် ... "

ခပ်တည်တည်နဲ့ မဆလာဘူးကိုကောက်ကိုင်လိုက်ပြီး ဒယ်အိုးထဲအားရပါးရသွန်ချလိုက်တယ် ။

" ဟပ်ချိ !! မွှန်လိုက်တာ ... ဟပ်ချိ !! "

" ကဲ !! ကြက်ဥကြော်ဖို့ပဲကျန်တယ် ... "

💒So I Married an Anti-fan💐 《discontinued》Where stories live. Discover now