So I Married An Anti-fan // 10

1.6K 185 12
                                    

" Baekhyunee နေ့လည်စာဘာစားချင်လဲ ?? "

" ခေါက်ဆွဲဘူးရှိတယ်မလား ?? ပြုတ်စားလိုက်မယ် "

" ခေါက်ဆွဲက အာဟာရမဖြစ်ဘူး ... စားချင်တာပြော ပို့ပေးလိုက်မယ် "

အိမ်ဝမှာရပ်ပြီး မပြီးနိုင်မစီးနိုင် စိတ်ပူနေသော Park Chanyeolကြောင့် Wu Yifanတစ်ယောက်မဲ့ရွဲ့နေပြီ ။ ဒါကိုမြင်တဲ့ Byun Baekhyunကလည်း စိတ်ထဲတစ်ခုခုရိပ်မိသလိုလို ....

" နေနေ ... ငါခေါက်ဆွဲပဲ စားချင်တာ "

" ဒါဆိုလည်းစား ... ငါသွားတော့မယ် "

" ဩော် ဒါနဲ့ ... "

ခြံဝဆီထွက်လာဖို့ပြင်ပြီးမှ Baekhyunရှိရာဆီ ပြန်လှည့်ပြန်တဲ့ Chanyeolကြောင့် Wu Yifanကားနားမှာ စိတ်မရှည်စွာ ရပ်စောင့်နေရတယ် ။

" အပြင်တွေလျှောက်သွားမနေနဲ့ဦး ... လမ်းပျောက်မယ် Baekhyunee ... "

" အင်းပါ !!! စိတ်ချမပူနဲ့ ... စိတ်ဖြောင့်ဖြောင့်သာသွား "

Baekhyunလက်တွေဘာတွေပြပြီး အတင်းအိမ်ထဲပြေးဝင်ပြီး အိမ်တံခါးပါပိတ်ပစ်လိုက်တယ် ။

" မှာလို့ရော ပြီးသွားပြီလား ?? သွားလို့ရော ရပြီလား Park Chanyeol Ssi "

" ရွဲ့နေတာလား ?? "

ကားမောင်းသူနေရာ ကားတံခါးနားကပ်ရပ်နေတဲ့
Wu Yifanကိုဖယ်ပြီး Chanyeolကားထဲ ဝင်ထိုင်လိုက်တယ် ။

" မရွဲ့ရဲပါဘူး ... မှာစရာတွေ ကျန်ပြီး စိတ်မချဖြစ်နေမှာစိုးလို့မေးတာ "

မရွဲ့ဘူးပြောနေတဲ့ Wu Yifanစကားတွေက ရွဲ့နေမှန်းသိသာလွန်းတာမို့ Chanyeolသဘောကျစွာ တစ်ဖက်လှည့်ခိုးပြုံးလိုက်မိတယ် ။

" ကားပေါ်မတက်တော့ဘူးလား ? ပြေးလိုက်ချင်လို့လား ? "

" တက်မှာ !! "

Wu Yifanစူပုတ်ပုတ်နဲ့ ကားနောက်ခန်းဆီ ဝင်ထိုင်ဖို့တံခါးဖွင့်လိုက်တယ် ။ သောက်Park Chanyeol လူကိုဆိုဘယ်တော့မှ အကောင်းမပြောဘူး ...

" ဟေ့ !! ငါမင်း driverမဟုတ်ဘူးနော် ... ရှေ့လာခဲ့ "

တံခါးကို ပြန်ပိတ်ပြီး ကားရှေ့ခန်းဆီ စူပုပ်ပုပ်နဲ့ တက်ထိုင်လိုက်တယ် ။

💒So I Married an Anti-fan💐 《discontinued》Where stories live. Discover now