"လာကြ...လာကြ...အစ်ကိုကြီးရဲ့ လက်ထပ်မှုအတွက် ဂုဏ်ပြုလိုက်ကြစို့..။''ဒီစကားကို ပြောတဲ့သူဟာ ယွန် မိသားစုရဲ့ ဒုတိယသား ယွန်ထျန်းဟောင်....
သူဟာ ဖော်ရွေတဲ့စရိုက်ရှိတယ်။ရဲရင့်ပြီး လွတ်လွတ်လပ်လပ် နေတတ်တယ်။
ချောမောခန့်ညားပြီး တက်ကြွတဲ့မျက်နှာရှိတယ်။ဖြောင့်စင်းတဲ့နှာတံပေါ်ပေါ်ရယ်..
ဆွဲဆောင်မှုရှိတဲ့ နှုတ်ခမ်းထူထူရယ် တို့ဟာ သူ့ရဲ့ခန့်ညားမှုကို
ဖြည့်စွက်ထားလေတော့ သူ့ရဲ့အပြုံးဟာ အမျိုးသမီးများစွာတို့ရဲ့အသည်းနှလုံးကို
လှုပ်ခတ်နိုင်ပြီပေါ့...။အထူးသဖြင့် ရှည်လျားလှတဲ့ အရပ်အမောင်းနဲ့အတူ
ပခုံးကျယ်ကျယ်၊ ကြံခိုင်သန်စွမ်းတဲ့ရင်အုပ်တွေဟာ မိန်းကလေးတွေအတွက်
အားကိုးချင်စရာ နွေးထွေးလုံခြုံတဲ့ ခံစားချက်တွေကို ပေးစွမ်းနိုင်ပါတယ်။
ဒီတစ်ခဏမှာတော့ သူ့ရဲ့ချောမောကြည့်ကောင်းတဲ့မျက်နှာပေါ်မှာ
တောက်ပတဲ့အပြုံးတစ်ခုက သိသာပေါ်လွင်နေတယ်..။တည်းခိုခန်းထဲမှာရှိတဲ့
လူအများစုရဲ့ အာရုံကလည်း သူ့ဆီမှာပဲ ရောက်နေကြတယ်။သူ့ကို
ဂရုမစိုက်တာဆိုလို့ တစ်ယောက်ပဲရှိတယ်..။သူကတော့...
သူ့ရဲ့ သွေးသားရင်းချာ ချစ်လှစွာသောအစ်ကိုကြီး ယွန်ထျန်းယျန်...။
သူ့မျက်နှာမှာ အပြုံးဆိုတာ နည်းနည်းမှတောင် မမြင်ရဘူး။
စိတ်ပျက်လက်ပျက်ဖြစ်နေတဲ့ပုံနဲ့ စိတ်ကိုဆွဲဆန့်ထားပုံရတဲ့
မျက်နှာချောချောကတော့ ဆွဲဆောင်မှုတစ်မျိုးရှိနေတယ်။သူ့ရဲ့အကြည့်တစ်ချက်ကို
မိန်းကလေးတွေ အရူးအမူးဖြစ်ရတယ်ဆိုတာ ထူးဆန်းတဲ့ကိစ္စတော့ မဟုတ်ပါဘူး။
"မင်းနောက်တစ်ခွန်းပြောရင် ငါရိုင်းမိတော့မယ်။အဲဒီတော့မှ ငါ့ကိုအဆိုးမဆိုနဲ့။''
ယွန်ထျန်းယျန် ဟာ လက်ထဲက ဝိုင်ခွက်ကို ဆောင့်ချလျှက် သူ့ညီကို
YOU ARE READING
ဟန်ဆောင်သတို့သမီး(Myanmar translation)
Historical Fiction"သမီး မမွေးခင်ကတည်းက ထားခဲ့တဲ့ကတိကြောင့်လား...အဖေ...?'' ...... "ငါ့ချစ်သူကလွဲရင် ဘယ်သူ့ကိုမှ မယူဘူး...'' .... "သခင်မလေး...ကျွန်...ကျွန်တော်က ယောက်ျားလေးတစ်ယောက်နော်...'' ..... "အစားထိုးဖို့ဆိုတာ မသင့်တော်ဘူး ထင်ပါတယ်....။'' Novel name-The Counterfei...