အခန်း(၄)(ခ)

23K 2.1K 59
                                    

ထျန်းယျန်ဟာ သူမကို ရှန်ဒီယန် စီးခွင့်ပေးလိုက်ရင်
သူမကို ဆက်လက်နေထိုင်ဖို့အတွက်
လက်မခံတဲ့သဘော....
ဒါပေမယ့် အခုတော့..........
ဂျီယီဟာ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်နေတယ် ။
ကြည့်နေတုန်းမှာပဲ ရုတ်တရက် အကြည့်က
အနီရောင် အမွှေးတွေနဲ့ တောက်ပနေတဲ့
မြင်းဆီအရောက်မှာ ရပ်တန့်သွားခဲ့တယ် ။

"ဟိုမြင်းလား? "

"မင်းတကယ်ကို မြင်တတ်တာပဲ! !"

ထျန်းယျန်ဟာ စိုးရိမ်စိတ်တွေကို ဖယ်ထုတ်လိုက်တယ် ။
သူ ဒီမှာ ရှိနေရင် အနည်းဆုံးတော့
ရှန်ဒီယန်ကို မထိန်းချုပ်နိုင်ရင်တောင်မှ
ကြောက်နေဖို့ မလိုဘူးလေ ။
ယီဟာ ရှန်ဒီယန်ကို ကြင်နာစွာ ပွတ်သပ်ဖို့အတွက်
သူမလက်ကို ဆန့်ထုတ်လိုက်တယ် ။
ထျန်းယျန် မျက်နှာ ဟာ ထိတ်လန့်စိတ်ကြောင့်
ဖြူဖျော့သွားသလိုပဲ ။
သူမကို ကာကွယ်ပေးချင်ပေမယ့် သူမအပြုအမူကြောင့်
နောက်ကျသွားပြီ ။

"သတိထား....!!!"

အရင်တုန်းကလည်း ရှန်ဒီယန်ကို ထိဖို့ ကြိုးစားတဲ့
လူတစ်ယောက်ဟာ အကိုက်ခံရတာကြောင့်
သွေးထွက်သံယို ဖြစ်ပြီးပြီ ။
ရှန်ဒီယန် ရဲ့ဒေါသဟာ အင်မတန် ကြောက်စရာ
ကောင်းလှပါတယ် ။
ဘယ်သူ့ကိုမှ သူ့အနားကို ကပ်ခွင့်မပြုဘူး ။

"ဘာလဲ? "

ဂျီယီဟာ ရှန်ဒီယန် လည်ပင်းပေါ်ကို
အသာအယာပွတ်သပ်ပေးနေရင်း
ထျန်းယျန်ဆီ လှည့်မေးလိုက်တယ် ။
ထျန်းယျန်ကတော့ ရှန်ဒီယန် ရဲ့ တုန့်ပြန်မှုကို အံသြတကြီး.....

"ရှန်ဒီယန် က မင်းကို သဘောကျပုံပဲ ''

မုန်းစရာကောင်းလိုက်တာနော်...!!!

အရင်တုန်းက.....
ရှန်ဒီယန် အနားမှာနေချင်ခဲ့တဲ့ ပထမဆုံးအကြိမ်တုန်းက.....
သူ့ကို စီးဖို့အတွက် ရက်တော်တော်ကြာအောင်
အချိန်တွေ ကုန်ခဲ့တယ် ။
ယုံကြည်မှုရစေဖို့အတွက် အစာမျိုးစုံကိုလည်း
ကျွေးခဲ့ရသေးတယ် ။
ဒါပေမယ့် ယီအတွက်ကျတော့ ထူးထူးဆန်းဆန်း.....
ဖုန်ခါသလိုပဲ လွယ်နေလိုက်တာ ။
ဒီလိုမျိုး ရှန်ဒီယန်က သူမကို သဘောကျတာလည်း
ကောင်းပါတယ်လေ ။
ထျန်းယျန်ဟာ ရှန်ဒီယန်ကို ဆွဲယူလိုက်ပြီး
မြင်းကုန်းနှီးတင်ပေးလိုက်တယ် ။
ပြီးတော့ ယီ မြင်းကျောပေါ်ကို တက်နိုင်စေဖို့
ကူညီပေးလိုက်တယ် ။
မြင်းတစ်ကောင်ကို စီးတဲ့အခါ
သိထားသင့်တဲ့အချက်တွေကို ရှင်းပြရင်း....

ဟန်ဆောင်သတို့သမီး(Myanmar translation)Where stories live. Discover now