အခန်း(၆)(က)

23.3K 2.1K 116
                                    

"မကြောက်ပါနဲ့.... အခု အားလုံး အဆင်ပြေသွားပါပြီ ''

ထျန်းယျန်ဟာ တံခါးကို ခပ်ကြမ်းကြမ်း ပိတ်လိုက်ပြီး
သူတို့ အိပ်ရာဆီကို လျှောက်လာခဲ့တယ် ။
အိပ်ရာပေါ်မှာ ကြောက်လန့်တကြား
တုန်လှုပ်နေတဲ့ ဂျီယီကို အားပေးရင်း ခပ်ဖွဖွ ပုတ်ကာ
ကလေးတစ်ယောက်လို ချော့မြှူလိုက်တယ် ။

"မကြောက်ပါနဲ့ ယီ.....မင်း အခု အဆင်ပြေနေပြီပဲ....

ကိုယ်လည်း မင်းဘေးမှာ ရှိတယ်လေ......

ဘယ်သူမှ မင်းကို နာကျင်အောင် မလုပ်နိုင်ပါဘူး.... ''

"သူ ဘယ်သူလဲဟင်? "

ဂျီယီက အသံတိုးတိုးနဲ့ မေးလိုက်တယ်။

"သူလား....အဖေဖက်က ဝမ်းကွဲအစ်ကိုလေ......

ကိုယ်တို့က အတူတူ ကြီးလာတယ်လို့တောင်

ပြောလို့ရတယ်......

ဒီခြံမှာလည်း သူ့ဝေစုပါတယ်လေ.....

ဒီမှာက လူတိုင်း အလုပ်လုပ်ကြရတာပဲ.....''

"ကျွန်မ သူ့ကို မမြင်ဖူးပါလား? "

သူ့ကိုမှ မဟုတ်ဘူး.... ကျန်တဲ့ ယွန်မိသားစုဝင်တွေကိုလည်း
သူ မတွေ့ဖူးသေးဘူး ။
ဂျီယီဟာ အခုမှ ထူးဆန်းလာသလို ခံစားလိုက်ရတယ်။

"ဘာကြောင့်ဆို...... သူ......''

ထျန်းယီဟာ ယွန်မိသားစုအိမ်ကြီးမှာ
အမြဲ နေတဲ့ သူတစ်ယောက်ပါ ။
တကယ်တော့ ထျန်းဖုန်းခြံထဲက ဒီအိမ်လေးရှေ့မှာ
မပေါ်လာသင့်ဘူး ။
ဒီနေ့တော့ ဘာဖြစ်တယ်မသိဘူး ။
ထျန်းယီဟာ ထူးဆန်းစွာ ရုတ်တရက် ရောက်လာခဲ့တယ် ။
ထျန်းဟောင်ဟာ သူ့ဆီမှာ အလုပ်ကို
ကောင်းကောင်းမွန်မွန်များ မကူလို့များလား? ??

"အော်......ထျန်းယီဟာ ဂွမ်နေးကနေ ပြန်လာတာ

မကြာသေးဘူး......

ဒါကြောင့် မင်း သူ့ကို မမြင်ဖူးတာပါ ''

ထျန်းယျန်ဟာ စိတ်ကို လျှော့ချလိုက်ပြီး
မုသားစကားပြောလိုက်တော့တယ် ။

"ဂွမ်ဝေးက လူတွေဟာ ကြံခိုင်သန်မာကြတယ်နော်?

ထျန်းယျန်ရော ဝမ်းကွဲညီအစ်ကိုတွေရော အရပ်တွေ အရှည်ကြီးပဲ

ဟန်ဆောင်သတို့သမီး(Myanmar translation)Where stories live. Discover now