"ယီ...!"
ထျန်းယျန်ဟာ သူ့ရဲ့ ရမ္မက်ဆန်ဆန် အရိုင်းဆန်တဲ့ အသံနဲ့
လှမ်းမေးလိုက်တယ် ။"ကိုယ်တို့.. ကိုယ်တို့ တကယ့်ဇနီးမောင်နှံအစစ်
လုပ်ကြရင်ကော......ဘယ်လိုလဲ...... ???''
ဒီစကားတွေကို ကြားလိုက်ရတဲ့အခါ ဂျီယီဟာ
သူ့ကိုယ်ကို ရေအေးတစ်ပုံးနဲ့ ပက်လိုက်သလိုမျိုး
အေးခနဲ ခံစားလိုက်ရတယ်။
ခွန်အားတွေ ဆုတ်ယုတ်သွားသလိုလို....
ကိုယ်အပူချိန်လည်း တိုးလာသလိုလို....
သူဟာ လန့်ပြီး ထျန်းယျန်ရဲ့ ရင်ခွင်ထဲက
ထွက်ဖို့ အားစိုက်လိုက်တာ ခေါင်းနဲ့ နံရံ နဲ့ ဆောင့်ဖို့
နည်းနည်းပဲလိုလိုက်တယ် ။"ရှင်......ရှင် ဘာပြောတာလဲ? "
သူ့ရဲ့ ကြောက်နေတဲ့ပုံစံကို မြင်တော့
ထျန်းယျန်ဟာ သိပ်သဘောမကျဘူး ။
ဒါပေမယ့် နောက်တစ်ကြိမ်ပြန်ပြောဖို့အတွက်
သူ့ဒေါသတွေကို ချုပ်တည်းထားလိုက်တယ် ။"ကိုယ်ပြောတာက ကိုယ်တို့ တကယ့်ဇနီးမောင်နှံအစစ်
ဖြစ်ရအောင်လို့.....ဘယ်လိုလဲ? "
"အဲဒါ......အဲဒါက ဘာပြောတာလဲ? "
ဂျီယီဟာ ထိတ်လန့်တကြား မေးလိုက်မိတယ် ။
တကယ့်ဇနီးမောင်နှံအစစ်.....???
သူ့မှာ အတွေ့အကြုံ မရှိရင်တောင်
လုံးဝ မသိတာလည်း မဟုတ်ပါဘူး ။
ဇနီးမောင်နှံကြားမှာ ဘယ်လို အရာတွေရှိတယ်ဆိုတာ
သူသိပါတယ် ။
Ling အိမ်ရဲ့ အစေခံတန်းလျားမှာ နေခဲ့တုန်းက
သူတစ်ယောက်တည်းမှ မဟုတ်တာ ။
သူ့ကိုယ်ပိုင်အတွေ့အကြုံ မဟုတ်ရင်တောင်မှ
ကြားသင့်တာရော ၊ မကြားသင့်တာရော
သူကြားဖူးပြီးသား ။"သူများ ဇနီးမောင်နှံတွေလိုမျိုးပေါ့.....
လုပ်သင့်တာကို လုပ်ရမှာပဲ! "
ထျန်းယျန်က ရှေ့ရေးကို မျှော်တွေးပြီး ပြောတယ် ။
"မိသားစု စည်းမျဉ်းအတိုင်း အမွေဆက်ခံမယ့်
သားတစ်ယောက်လည်း မွေးရမှာပေါ့...... ''
ဂျီယီ အတွက်တော့ ဒီကိစ္စက ဘယ်နည်းနဲ့မှ
ကောင်းကျိုးမဖြစ်နိုင်တဲ့ အလှည့်အပြောင်းကြီးတစ်ခုပဲ ။
YOU ARE READING
ဟန်ဆောင်သတို့သမီး(Myanmar translation)
Historical Fiction"သမီး မမွေးခင်ကတည်းက ထားခဲ့တဲ့ကတိကြောင့်လား...အဖေ...?'' ...... "ငါ့ချစ်သူကလွဲရင် ဘယ်သူ့ကိုမှ မယူဘူး...'' .... "သခင်မလေး...ကျွန်...ကျွန်တော်က ယောက်ျားလေးတစ်ယောက်နော်...'' ..... "အစားထိုးဖို့ဆိုတာ မသင့်တော်ဘူး ထင်ပါတယ်....။'' Novel name-The Counterfei...